BEC-TERO TV

ကြို့ထိုးခြင်း

20 Aug 2015     2,456 Views


ကြို့ထိုးခြင်းဟာ ဝမ်းဗိုက်ပိုင်းနဲ့ရင်ဘက်ပိုင်းကို ပို်င်းခြားထားတဲ့ကြွက်သားပုံမှန်မဟုတ်တာကြောင့် ကြို့ထိုးတာများပါတယ် ။တစ်ခါတလေ အစားစားတာမြန်သွားတာ များသွားတာ ၊အရက်အလွန်အကျွန်သောက်သုံးတာ ၊ရုတ်တရက်စိတ်လှုပ်ရှားမှုဖြစ်ခြင်းတွေကြောင့်လဲ ကြို့ထိုးတာဖြစ်တက်ပါတယ်။
 
ကြို့ထိုးတဲ့ရောဂါလက္ခဏာကတော့ရှင်းလင်းလှပါတယ် ကြို့ထိုးတဲ့အခါရင်ဘက်တွေ ဝမ်းဗိုက်တွေတင်းကျပ်နေသလိုမျိုးခံစားရမယ် ကြို့ထိုးတဲ့အသံထွက်လာခြင်းတွေဖြစ်ပါတယ်။ကြို့ထိုးတာဟာ ၄၈ နာရီ ၂ရက်အတွင်းမှာအလိုလိုပျောက်တက်ပါတယ်။တကယ်လို့ ၂ရက်အတွင်း အလိုလိုမပျောက်ဘူးဆိုရင် မိမိရဲ့အိပ်တာစားတာ ပြုမူပြောဆိုရာမှာ အလုပ်ပတ်ဝန်းကျင်ကိုထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသပြီးတော့ ညွှန်ကြားတဲ့ဆေးတွေကို သောက်သုံးရပါမယ်။ ကြို့ထားတာဟာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုမိုအဖြစ်များပါတယ်။
 
ခဏတာကြို့ထိုးခြင်းနဲ့အချိန်ကြာမြင့်စွာကြို့ထိုးခြင်းမှာ ဖြစ်ပေါ်စေတဲ့အကြောင်းအရာမျိုးစုံရှိပါတယ်ထို့ကြောင့် ဘာအကြောင်းကြောင်း ကြို့ထိုးတယ်ဆိုတာကို ရှာဖွေရပါမယ်။ ရှာဖွေပြီးတော့ ဖြစ်ပေါ်စေတဲ့အကြောင်းကို ဖယ်ရှားလိုက်မှကြို့ထားတာသက်သာပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။တစ်ခါတလေ Xray ၊ MRLတွေရိုက်ဖို့လိုအပ်ပါတယ် မှန်ပြောင်းနဲ့ကြည့်ပြီး အစာပြွန်လေပြွန်ထဲမှာ ဘယ်လိုမျိုးပုံမမှန်တာတွေရှိလဲ ဆိုတာတွေကို ကြည့် ဖို့လဲလိုအပ်ပါတယ်။ ကြို့ထိုးလာရင် တခါတလေမှာ တစ်စုံတစ်ရာကြောင့် လန့်သွားရင်ကောင်းသွားတက်ပါတယ်။
 
နောက်တစ်မျိုးက ကြို့ထားတာကို ခနမေ့ထားပြီး တစ်ခြား အလုပ်တခုခုကို စိတ်ဝင်တစားလုပ်ခြင်းဖြင့်လဲ ပျောက်သွားနိုင်ပါတယ်။ ကြို့ထားတဲ့အခါ ရေအောက်ကို မိမိရောက်နေသလို သဘောထားပြီးအသက်အောင့်ထားပြီး တံတွေးမျိုချခြင်းဖြင့်လဲ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက မိမိလက်ကို နားနှစ်ဘက်ကို ပိတ်လိုက်ပြီး လက်မ နှစ်ဘက်ကို နှာခေါင်းကို ပိတ်ပြီး နားကောနှာခေါင်းကော လုံနေတဲ့အချိန်မှာတံတွေးမျိုချလိုက်ခြင်းဖြင့်လဲ သက်သာစေနိုင်ပါတယ်။ ထိုနည်းလမ်းတွေနဲ့လဲမသက်သာဘူး ၂ရက်ထက်လဲ ပိုကြာနေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။
 
ကာကွယ်မှုအနေနဲ့ လဲ အစာကို အလွန်အကျွံစားခြင်း ၊အရက်သေစာ အလွန်အကျွံသောက်ခြင်း ၊အချိုရည်တွေ ၊ဖြစ်ခြင်းအကြောင်းတွေကို အတက်နိုင်ဆုံးရှောင်ကြဉ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ကြို့ထိုးခြင်း အကြောင်းအရင်းကို သိရှိမယ်ဘယ်အကြောင်းတွေကြောင့် ကြို့ထိုးလဲ ဆိုတာသိရှိမယ်၊ကြို့ထိုးနေတဲ့အခါမိမိကိုယ်ကိုဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာသိရှိမယ် ၊ဘယ်အခါမျိုးမှာဆရာဝန်ကိုသွားရောက်ပြသရမယ်ဆိုတာကို သိရှိမယ်ဆိုရင် ကြို့ထိုးတာကိုလဲ ကာကွယ်နိုင်မယ် ဖြစ်ရင်လဲအလျှင်အမြန်နဲ့သက်သာနိုင်မှာဖြစ်ပါတယ်။

20 Aug 2015     2,456 Views




RELATED

Most Popular of Health Fix

Most Popular of Life Style