အမျိုးသမီးတွေနဲ့ ဘီယာတွဲသောက်နေတဲ့ ခင်ပွန်းကို ဇနီးသည်က ဆိုင်ထဲဝင်ရိုက် (ရုပ်သံ)
21 Mar 2019 1,501 Views
ဘီယာဆိုင်မှာ အခြားအမျိုးသမီးတွေနဲ့ ဘီယာတဲ့သောက်နေတဲ့ အမျိုးသားတစ်ဦးကို ဇနီးဖြစ်သူက ဆိုင်ထဲဝင်လာပြီး ခွေးခြေခုံများနဲ့ ရိုက်နှက်တဲ့ ရုပ်သံဟာ အမျိုးသားတွေကြား သတိထားစရာတစ်ခုအနေနဲ့ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
ပီရူးနိုင်ငံရဲ့ မြို့တော် ပီရူးဗီးယန်အမေဇုံမြို့က အရက်ဘားတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဖြူရောင်အပေါ်အင်္ကျီနဲ့ ကာကီရောင် ဘောင်းဘီတို ဝတ်ဆင်ထားတဲ့အမျိုးသမီးက အပေါ်ပိုင်းအဝတ်အစားမပါတဲ့ သူ့ရဲ့ယောက်ျားကို ဝင်ရိုက်ခဲ့တာဖြစ်ပါတယ်။
သတင်းများမှာ ဖော်ပြထားတာကတော့ ကလေးတွေရဲ့ ကျောင် ညစာစားပွဲအတွက် ပေးဖို့ ဆုထားတဲ့ပိုက်ဆံကို ယောကျ်ားက ယူသွားပြီး ဘီယာဆိုင်မှာ အခြားအမျိုးသမီး ၃ ဦးကို ဘီယာဝယ်တိုက်ကာ အတူတူထိုင်သောက်ခဲ့တဲ့အတွက် ဇနီးဖြစ်သူ ဒေါသအိုးပေါက်ကွဲပြီး ဝင်ရိုက်တာဖြစ်ပါတယ်။
ရုပ်သံမှာ ဆိုင်ရဲ့ ကြမ်းပြင်ပေါ်လဲနေတဲ့ အမျိုးသားကို မိန်းမက ခွေးခြေခုံ၊ စားပွဲခုံတွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။ အခြားအမျိုးသမီးတွေက ဇနီးဖြစ်သူကို ဝိုင်းဆွဲပြီး ဆိုင်ပြင်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။ ဒေါသမပြေသေးတဲ့ ဇနီးက ဆိုင်ထဲက ထွက်လာတဲ့ ခင်ပွန်းကို ထပ်မံတွန်းလှဲပြီး သိုင်းပေါင်းစုံ MMA ပွဲလို မျက်နှာကို ဆက်တိုက် ထိုးနေတာ တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ အခြားအမျိုးသားတစ်ယေက်က ကြားဝင်တာမှ ရပ်သွားခဲ့ပါတယ်။ အထိုးခံရတဲ့ ယောက်ျားရဲ့ မျက်နှာမှာ ဖူးယောင်ပြီး ကျန်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို ရဲတွေအနေနဲ့ ပါဝင်ပက်သက် အရေးယူမှုရှိ၊ မရှိဆိုတာ မသိရပါ။