90’s born တွေအသဲစွဲခဲ့တဲ့ တစ်ချိန်က မြေပဲယိုသီချင်းများ
14 Mar 2019 1,612 Views
မြေပဲယိုဆိုတာ 90’s born တွေအတွက်တော့ ငယ်ငယ်တုန်းက အသဲစွဲပါပဲနော်။ တစ်ချိန်တုန်းက ရှိုးပွဲတိုင်းမှာ မြေပဲယိုဆိုတာမပါမဖြစ်ပါပဲ။ မြေပဲယိုမှာ အဓိက အဆိုရှင်နှစ်ယောက်အဖြစ် မင်းမော်ကွန်းနဲ့ ကျော်သူစိုးတို့ပါဝင်တယ်ဆိုတာ အထူးတလည်မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ 90’s born တွေ အသဲစွဲခဲ့တဲ့ မြေပဲယိုသီချင်းတွေနဲ့အတူ ငယ်ဘဝရဲ့အချိန်ကောင်းလေးတွေကို ပြန်လည်တမ်းတလိုက်ကြရအောင်။
အချစ်များစွာအတွက်
ဒီသီချင်းလေးကတော့ ဦးမျိုးကျော့မြိုင်ရေးပေးထားတာဖြစ်ပါတယ်။ မြေပဲယိုသီချင်းထဲမှာ အပေါက်ဆုံးလို့ပြောလို့ရပါတယ်နော်။
ဒီချိန်ရောက်တိုင်းလေ
ဒီသီချင်းလေးကတော့ သင်္ကြန်သီချင်းလေးပါနော်။ သင်္ကြန်ရောက်တိုင်း ‘ဒီချိန်ရောက်တိုင်းလေ’ ဆိုပြီးတစ်စုံတစ်ယောက်ကို တမ်းတမိကြတယ်မဟုတ်လား…
မကြားဘူးလား
‘မကြားဘူးလား’ သီချင်းကတော့ မချစ်တတ်တဲ့ကောင်မလေးတစ်ယောက်အကြောင်း ဆိုထားတဲ့သီချင်းတစ်ပုဒ်ပါ…….
အမုန်းများစွာအတွက်
‘အမုန်းများစွာအတွက်’ အယ်လ်ဘမ်မှာ မြေပဲယိုက title song ကိုသီဆိုခဲ့ကြတာပါ။
မင်းနေရတဲ့အဝေး
‘မင်းနေရတဲ့အဝေး’ သီချင်းလေးကလဲ တစ်ချိန်က 90’s born တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။
ဒီလောက်ဆို ပိုပိုလေး ပရိတ်သတ်ကြီးလဲ မြေပဲယိုသီချင်းတွေ နားထောင်ပြီး မြေပဲယိုကို သတိရသွားလိမ့်မယ်ထင်ပါတယ်။ မပူပါနဲ့၊ မြေပဲယိုကို တမ်းတနေတဲ့ ပရိတ်သတ်ကြီးအတွက် မြေပဲယိုက လာမယ့် မတ်လ (၁၅) ရက်နေ့ ၊ ရန်ကုန်မြို့ Hard Rock Café မှာ ရှိုးပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ မြေပဲယိုသီချင်းတွေနားထောင်ချင်တယ်၊ မြေပဲယိုကိုတွေ့ချင်တယ်ဆိုရင် သွားရောက်အားပေးဖို့ မမေ့ကြပါနဲ့နော်။
(ပိုပိုလေး)