လိင်ဆက်ဆံတဲ့ ဗွီဒီယိုဖိုင်ကို Group Chat မှာ Share ခဲ့တာအမှန်ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ Jung Joon Young
13 Mar 2019 1,643 Views
ကိုးရီးယား Rock အဆိုတော် Jung Joon Young ဟာ Kakao talk မှာ အနုပညာအသိုင်းအဝိုင်းက အဆိုတော်သူငယ်ချင်းများနဲ့ Chat group ကို ဖော်ထုတ်ခြင်းခံခဲ့ရပါတယ်။ အဆိုပါ Chat group မှာ ညစ်ညမ်းစကားတွေပြောထားပြီး တစ်ဦးချင်းစီရဲ့ လိင်ဆက်ဆံတဲ့ ဗွီဒီယိုတွေကို share ခဲ့ကြတယ်လို့သိရပါတယ်။
Group Chat ထဲမှာရှိတဲ့ လူတွေဟာမိန်းကလေးတွေကို မေ့ဆေးပေးပြီး အလိုမတူ အဓမ္မပြုကျင့်ပြီး ပြန် share ခဲ့ကြတာပါ။ ဒါဟာတရားဥပဒေနဲ့ မညီပါဘူး။ သူတို့ရဲ့ Group Chat ထဲမှာပြောထားတဲ့ စကားတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
****Kim က သူ့ရဲ့ Video ကို Share ခဲ့သည်*****
Singer Choi- သူမကမေ့နေတာလား
Kim- မေ့တော့ဘာဖြစ်လဲ
Singer Choi- သက်ဝင်လှုပ်ရှား (အသိရှိ) နေတဲ့မိန်းမပုံသာပို့စမ်းပါ
Kim- သူမေ့သွားလို့ video ရိုက်လို့ရတာပေါ့ကွ
JJY- အဓ္ဓမကျင့်လိုက်တာပဲ
Park - သူမကို မေ့ဆေးကျွေးထားတယ် ……..kekeke
JJY- ဟီးဟီး….
JJY- ငါတို့ ကောင်မလေးတွေခေါ်ပြီးအဖော်အချွတ်ဘားသွားရအောင် ပြီးရင်ကားထဲမှာ မုဒိန်းကျင့်မယ်
Heo- Kekeke….
Park - ငါတို့လုပ်ဖူးပြီးသားပဲ
Singer Choi- အေးလေ….
Park- ငါတို့သူများအသက်မသတ်ရုံပဲရှိမယ် ထောင်ထဲရောက်မယ့်ကိစ္စတွေအများကြီးလုပ်ဖူးတယ်
အဆိုပါ Group Chat ထဲမှာ Big Bang အဖွဲ့မှ Seungri လဲပါဝင်နေပြီးလက်ရှိမှာတော့နှစ်ဦးစလုံး ပြည်ပထွက်ခွင့်ပိတ်ထားပြီဖြစ်ပါတယ်။
group chat ထဲမှာ ပါဝင်သူများကိုရဲဘက်မှ ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ Jung Joon Young ဘက်မှလဲ Video မှာပါဝင်ခဲ့တဲ့ မိန်းကလေးတွေကိုတောင်းပန်ကြောင်း၊ Group Chat ထဲမှာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစကားတွေပြောဆိုခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ဝန်ခံတောင်းပန်ထားပါတယ်။
လက်ရှိမှာတော့ တောင်ကိုးရီးယားတစ်နိုင်ငံလုံးက Jung Joon Young ကို မုန်းတီးနေကြပြီး LA အပြန် Incheon လေဆိပ်မှာ သတင်းထောက်တွေက ဝိုင်းဝန်း ထုရိုက်ခဲ့ကြပါတယ်။
ဘယ်လို ပဲနာမည်ကြီးအဆိုတော်ဖြစ်နေပါစေ သူ့အပြစ်ရှိရင်တော့ခံရမှာပါပဲ။ တရားဥပဒေကစိုးမိုးပါတယ်။
(ပိုပိုလေး)