BEC-TERO TV

အဆိုတော်တွေ ပါဝင်ပတ်သတ်နေတဲ့တောင်ကိုးရီးယားနိုင်ငံက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြီး

13 Mar 2019     1,931 Views


လတ်တလော တောင်ကိုးရီးယားမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကိစ္စရပ်ကတော့ လူကုံထံအသိုင်းအဝိုင်းက လူတွေအသွားအလာများတဲ့ Burning Sun Club အမှုပဲဖြစ်ပါတယ်။ ဒီ Club ဟာ နာမည်ကြီးအဆိုတော်အဖွဲ့ Big Bang မှ Seungri က Executive Director အနေနဲ့ တာဝန်ယူထားတဲ့ club ပဲဖြစ်ပါတယ်။

Burning Sun ရဲ့ ပိုင်ရှင်တွေကတော့ Lee Sung Hyun နဲ့ Lee Mon Ho တို့ဖြစ်ပြီး Kang Hyun Sook နဲ့ Seungri တို့သားအမိပဲဖြစ်ပါတယ်။ ဒီ Club နဲ့ပတ်သတ်ပြီး ရဲတွေပါ အကျင့်ပျက်ခြစားနေတဲ့ အကြောင်းကို Mr.Kim ဆိုတဲ့ လူတစ်ယောက် ကြောင့် အများပြည်သူသိသွားကြတာဖြစ်ပါတယ်။

Kim ဟာ Gangnam က Club တစ်ခုကိုသွားရာက လူတစ်စုရဲ့ ဝိုင်းဝန်းရိုက်နှက်ခံရပုံကို အွန်လိုင်းမှာတင်ခဲ့ရာကစတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက် မှာ Kim Sang Kyo အမည်ရှိတဲ့ လူတစ်ယောက်ဟာ Burning Sun Club ကိုရောက်နေခဲ့ပါတယ်။ Kim ရဲ့ အဆိုအရ လူတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို မဖွယ်မရာပြုလုပ်နေတဲ့အတွက် အဆိုပါအမျိုးသမီးက Kim ရဲ့အနောက်ကို အကာအကွယ်ယူတဲ့အနေနဲ့ ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ ဒီလိုဖြစ်သွားတဲ့အချိန်မှာ Kim ဟာ လုံခြုံရေးဝန်ထမ်းတွေကို ခေါ်ဖို့လုပ်ခဲ့ပေမယ့် အဲ့ဒီလူနဲ့ တစ်ဖွဲ့တည်းလို့ ယူဆရတဲ့ လုံခြုံရေးဝန်ထမ်းတွေက Kim ကိုဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။ CCTV မှတ်တမ်းအရ လုံခြုံရေးဝန်ထမ်းက အနိုင်ကျင့်ခံ အမျိုးသမီးကို club အပြင်သို့ဆွဲထုတ်သွားပြီး မြေပြင်ပေါ်ပစ်လှဲချခဲ့ပါတယ်။ Kim ကိုလဲ လမ်းမပေါ်ထိဆွဲခေါ်သွားပြီး လုံခြုံရေးဝန်ထမ်းထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူတစ်ယောက်က Kim ရဲ့ မျက်နှာကို ထပ်တလဲလဲ ထိုးနေခဲ့ပါတယ်။ Kim ကို ထိုးခဲ့တဲ့လူတစ်ယောက်ဟာ လုံခြုံရေး ဝန်ထမ်းမဟုတ်ပဲ burinig Sun ရဲ့ဒါရိုက်တာ Mr.Jang ဖြစ်နေပါတယ်။ Jang နဲ့ သူ့အပေါင်းအပါတွေ Kim ကိုထိုးကြိတ်ပြီး Club ထဲပြန်ဝင်သွားတဲ့အခါမှာ Kim ဟာရဲကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။ ဆယ်မိနစ်အကြာမှာ ရဲများ Club ကိုရောက်ရှိလာပြီး ဝန်ထမ်းအချို့နဲ့စကားပြောကာ Kim ကိုဖမ်းခေါ်သွားကြပါတယ်။ ရဲစခန်းရောက်တဲ့အခါမှာတော့ တိုင်ကြားခဲ့တဲ့ Kim က တရားခံဖြစ်နေခဲ့ပြီး အတိုင်ကြားခံခဲ့ရတဲ့ Jang က တရားလိုဖြစ်နေတာပါ။

Kim တစ်ယောက်ရဲစခန်းမှာ အချုပ်ခံခဲ့ရပြီး ရဲများရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကိုလဲခံခဲ့ရပါတယ်လို့ ထွက်ဆိုထားပါတယ်။ Kim အဖမ်းခံရပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ Youtube မှာ CCTV ကနေဖမ်းယူထားတဲ့ Video File တစ်ခုတက်လာခဲ့ပါတယ်။ အဆိုပါ Video File ထဲမှာ မိန်းကလေးငယ် တစ်ယောက်ကို club ဝန်ထမ်းများက VIP အခန်းတစ်ခုထဲ အတင်းထိုးသွင်းနေကြတာကိုတွေ့ရပါတယ်။ Kim ကိုရိုက်နှက်ခဲ့ကြတဲ့ ပုံနဲ့ ရဲတွေက club ဝန်ထမ်းများနဲ့ ပေါင်းပြီး Kim ကို မတရားဖမ်းဆီးသွားတာတွေပါ အကုန်ပေါ်သွားခဲ့ပါတယ်။

Kim တစ်ယောက်အမှုမှ လွတ်မြောက်သွားပြီး ဆက်လက်စစ်ဆေးကြည့်တဲ့အခါမှာတော့ Club  ဝန်ထမ်းနှစ်ဦးက အောက်ပါအတိုင်းဖြေကြားထားပါတယ်

ဝန်ထမ်း ၁- VIP Room ရဲ့ အိမ်သာထဲမှာ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုမုဒိန်းကျင့်နေတာမြင်ခဲ့ရပါတယ်။ အမျိုးသမီးဟာအသိစိတ်လွတ်နေပုံပေါ်ပြီး ဆေးခတ်ခံထားရတဲ့ပုံပေါက်နေပါတယ်။ တလောက အွန်လိုင်းမှာနာမည်ကြီးနေတဲ့ အိမ်သာထဲလိင်ဆက်ဆံတဲ့ video ဟာ buring sun VIP room ရဲ့ အိမ်သာထဲမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်း၂- VIP အခန်းတွေဟာအပြင်ကကြည့်ရင်ဘယ်လိုမှ မမြင်ရတဲ့အတွက် မူးယစ်ဆေး သုံးဖို့အလွယ်လေးပါပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာက အမျိုးသားတစ်ယောက်တိုက်လိုက်တဲ့ အရက်ကို သောက်ပြီး ပါးစပ်မှာအမြုပ်တွေနဲ့ မေ့လဲသွားတဲ့ မိန်းကလေးတစ်ယောက်ကိုမြင်ခဲ့ပါတယ်။

Burning Sun ရဲ့ VIP အခန်းတွေဟာ အပြင်ကြည့်ရင် ဘယ်လိုမှမမြင်ရတာကြောင့်အထဲမှာ ဘာဖြစ်နေမှန်းဘယ်လိုမှမသိနိုင်ပါဘူး။ အဆိုတော် Seungri ကလဲ ဒီ Club မှာလာရောက်တဲ့ ငွေမဲ သူဋ္ဌေးတွေအတွက် အပျော်မယ်ရှာပေးတယ်ဆိုတဲ့ သတင်းကလဲပေါ်ထွက်လာပါတယ်။ Seungri ဟာ မိန်းကလေးလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် Jung Joon Young နဲ့ Chat ထားတဲ့ ညစ်ညမ်းစကားတွေလဲ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာတော့ Seungri ရော Jung Joon Young ကိုပါပြည်ပထွက်ခွင့်ပိတ်ပင်ထားပြီး အေဂျင်စီကလဲ Seungri အနုပညာအလုပ်တွေရပ်နားလိုက်ပြီဖြစ်ကြောင်းကြေငြာထားပါတယ်။ ဒီလို ရဲတွေနဲ့ ငွေမဲသူဋ္ဌေးတွေပေါင်းပြီး အကျင့်ပျက်ခြစားမှုဟာအရင်ကတည်းက ရှိနေခဲ့ပေမယ့် အလုံးစုံမဖော်ထုတ်နိုင်ခဲ့ပါဘူး။ နာမည်ကြီး အဆိုတော် တစ်ယောက် ပါဝင်ဦးစီးတဲ့ club ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေရာက အမှုမှန်ကိုဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

(ပိုပိုလေး)


13 Mar 2019     1,931 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS