"ဘာကြောင့် စော်ကြည်နေတာလဲဆိုတာ ကိုယ့်ကိုကိုယ်လုံးဝ စဉ်းစားမရဘူး" ဆိုတဲ့ ခြိမ့်ကေကို
12 Mar 2019 1,633 Views
ဌက်ပျောသီးတစ်လုံးကြောင့် အနုပညာလောကထဲမှာ နေ့ချင်းညချင်းဆိုသလို အချိန်ခဏလေးအတွင်း နာမည်ကြီးအောင်မြင်ကျော်ကြားလာခဲ့တဲ့ ခြိမ့်ကေကိုကတော့ ၀ါသနာပါရာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ဌက်ပျော်သီးကပေးတဲ့ အောင်မြင်မှုလို့ပင်ပြောရမလို ပရိသတ်တွေကြားထဲ ဘနားနားလို့ နာမည်တွင်ကျယ်လာတဲ့ ခြိမ့်ကေကိုကို သူ့ရဲ့မဆုတ်မနစ်ကြိုးစားတဲ့စိတ်ဓာတ်ကြောင့် လက်ခံအားပေးလာကြသူတွေရှိသလို ယနေ့ထိတိုင်လည်း ဝေဖန်ပြောဆိုနေသူတွေရှိနေပါသေးတယ်။
ဘယ်လိုဝေဖန်မှုတွေပဲပြုပြု မေတ္တာရှေ့ထားကာ အားလုံးကိုချစ်ပါတယ်ဆိုတဲ့ ခြိမ့်ကေကိုကတော့ အနုပညာလောကထဲမှာ ကျင်လည်လာတာနဲ့အမျှ ရုပ်ရည်ပိုင်းမှာလဲ ပိုမိုသန့်ပြန့်ခန့်ညားလာတာကို အားလုံးလဲသတိပြုမိကြမှာပါ။ အောင်မြင်ကျော်ကြားလာသူတို့ပီပီ နောက်ကနေ၀န်းရံအားပေးနေကြတဲ့ မိန်းကလေးထုကြီးလဲရှိလို့လာပါတယ်။ ဒါ့ကြောင့် တစ်ချို့သောပရိသတ်တွေကြားထဲမှာ “ခြိမ့်ကေကို ဘနားနားတစ်ယောက် ဘာ့ကြောင့်စော်ကြည်တာလဲ” ဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒီလိုမျိုးတစ်ချို့သောသူတွေရဲ့မေးခွန်းကြောင့် ကိုယ်ကိုတိုင် ဆံပင်တွေကျွတ်တဲ့အထိ ဘာကြောင့်စော်ကြည်သလဲ စဉ်းစားပေမယ့် အဖြေထွက်မလာဘူးဆိုတဲ့အကြောင်းကို မီဒီယာတစ်ခုရဲ့ အင်တာဗျူးကနေ ပြောကြားသွားခဲ့ပါတယ်။ ခြိမ့်ကေကို ပြောထားတာကတော့ “ကျွန်တော် ဘနားနားကို လူတွေကမေးကြတယ်၊ ဘာ့ကြောင့်စော်ကြည်နေတာလဲ ဆိုပြီးမေးတယ်။ ဒါပေမယ့် ကျွန်တော်လည်းအမြဲတမ်းစဉ်းစားတယ်၊ မနက်ခင်းလဲ စဉ်းစားတယ်၊ နေ့လည်လဲ စဉ်းစားတယ်၊ ညအိပ်ရာမ၀င်ခင်လဲ စဉ်းစားတယ်၊ ခေါင်းတွေကုတ်ပြီးတော့လဲ စဉ်းစားတယ်၊ ခေါင်းတွေကုတ်ပါများတော့ ကြာတော့ဆံပင်မွှေးတွေပါ ကျွတ်ကုန်တယ်။ ဒါပေမယ့်လည်း ဘာ့ကြောင့် စော်ကြည်နေတာလဲဆိုတဲ့ အဖြေကို ရှာမထွက်ခဲ့ဘူး” ဆိုပြီး အတော့်ကို အကျပ်ရိုက်နေတဲ့ပုံစံနဲ့ ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။
ထိုအင်တာဗျူးကလည်း လတ်တလောပရိသတ်တွေကြားထဲ သဘောကျရယ်မောစရာ တစ်ခုဖြစ်လို့နေတာပဲဖြစ်ပါတယ်။ ကဲ ကွီးခြိမ့်တစ်ယောက် ဘာကြောင့်စော်ကြည်နေတာလဲဆိုတာ သိတဲ့သူတွေရှိရင် ၀ိုင်းပြောပေးလိုက်ပါဦး.....
Source_8Day
(ပိုပိုလေး)