စင်ကာပူရှိ Gentle Monster မျက်မှန် မိတ်ဆက်ပွဲကိုအတူတကွတက်ရောက်လာတဲ့ Ji Soo နဲ့ Kim So Hyun
12 Mar 2019 1,336 Views
တောင်ကိုးရီးယား သရုပ်ဆောင် Ji Soo နဲ့ Kim So Hyun တို့ဟာ နာမည်ကြီး စင်ကာပူမှာကျင်းပပြုလုပ်သော မျက်မှန် တံဆိပ်ဖြစ်တဲ့ Gentle Monster ရဲ့ မျက်မှန်ဒီဇိုင်းအသစ်မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲဟာ Gentle Monster ရဲ့အသစ်ထွက်ရှိတဲ့ မျက်မှန်ဒီဇိုင်း ၁၃ မျိုးကိုမိတ်ဆက်တာပဲဖြစ်ပါတယ်။ Ji Soo နဲ့ Kim So Hyun နှစ်ယောက်စလုံးဟာ အသစ်ထွက်ရှိတဲ့ မျက်မှန်ဒီဇိုင်းတွေနဲ့ ပတ်သတ်ပြီး အင်တာဗျူးကိုယ်စီဖြေခဲ့ကြပါတယ်။
Kim So Hyun “အခုနောက်ပိုင်း ယောင်္ကျားလေးတော်တော်များများက ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ကြပါတယ် ၊ ရိုးရှင်းတဲ့ဒီဇိုင်းတွေက သူတို့အတွက်အကောင်းဆုံးဖြစ်မှာပါ”
Ji Soo “ကျွန်တော်ကတော့ သဘာဝကျတဲ့ပုံမျိုးကိုသဘောကျတယ်၊ ဒီတိုင်းအမြင်မရိုင်းစေပဲ ရိုးရှင်းတဲ့ပုံစံ” ဆိုပြီး မျက်မှန်ဒီဇိုင်းအပေါ်သူတို့ နှစ်ဦးရဲ့ အမြင်တွေကို ဝေမျှခဲ့ပါတယ်။
(ပိုပိုလေး)