BEC-TERO TV

ဘယ်သူမှမသိအောင် ဟန်မြစ်ဘေး ဒိတ်ခဲ့ကြတဲ့ BTS အဖွဲ့မှ Rap Mon နဲ့ Jimin

12 Mar 2019     1,461 Views


တောင်ကိုးရီးယား နာမည်ကြီး idol group ဖြစ်တဲ့ BTS ဟာ ကမ္ဘာတစ်ဝှမ်း လူကြိုက်များ ရေပန်းစားနေတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ BTS အဖွဲ့ဟာ ဟောလိဝုဒ်ထိပါ အောင်မြင်ကျော်ကြားတာကြောင့် အနောက်နိုင်ငံတွေမှာ လှည့်လည် ဖျော်ဖြေနေရလို့ အမြဲတမ်းမအားလပ်နိုင်ပါဘူး။

သူတို့အတွက် အိပ်ရာဆိုတာ လေယာဉ်နဲ့ ကားများပေါ်က ထိုင်ခုံများသာဖြစ်ပါတယ်။ ဒီလို ကမ္ဘာလှည့်ပြီးဖျော်ဖြေနေရတဲ့ BTS အဖွဲ့ဝင်တွေဟာ ကိုယ်ပိုင်အချိန်လေးတွေပျောက်ဆုံးနေတာမဆန်းပါဘူးနော်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် အိပ်ချိန်တချို့ကိုတောင် အဆုံးရှုံးခံကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ညက BTS အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Rap Monster နဲ့ Jimin တို့ဟာ ဟန်မြစ်ဘေးမှာ စက်ဘီးစီးထွက်ခဲ့ကြပြီး သူတို့ရဲ့ Twitter account မှာတင်ခဲ့ကြပါတယ်။

Rap Mon က “ဒီလိုမျိုး Jimin နဲ့အတူ စက်ဘီးမစီးခဲ့ရတာကြာပြီ” လို့ ရေးသားတင်ခဲ့ပြီး Jimin ကလဲ “အစ်ကိုနဲ့ စက်ဘီးမစီးဖြစ်တာ သုံးနှစ်တာ” ဆိုပြီး တင်ခဲ့ပါတယ်။ နှစ်ယောက်သား concert ဖျော်ဖြေဖို့ အလုပ်ရှုပ်နေတာနဲ့တင် ဒီလိုမျိုး လွတ်လပ်စွာသွားလာဖို့အခွင့်အရေး တွေသိပ်မရှိခဲ့ကြပါဘူး။ အခုတော့ ကိုယ်ပိုင်အချိန်လေးမှာ ဝါသနာပါတဲ့ အရာကိုလုပ်ဆောင်နေကြောင်းသိရတာဝမ်းသာစရာပါပဲ။

တောင်ကိုးရီးယားရဲ့ ဟန်မြစ်ကမ်းဟာ လူကုံထံအသိုင်းအဝိုင်းတွေသာနေထိုင်နိုင်တာဖြစ်ပြီး BTS ကလဲ အဆိုပါ ဟန်မြစ်အနီးတဝှိုက်မှာ နေထိုင်ခြင်းဖြစ်ပါတယ်။ ကမ္ဘာကျော်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူကုံထံ ရပ်ကွက်မှာနေထိုင်နိုင်တယ်ဆိုတာမဆန်းပါဘူးနော်။ ^^

(ပိုပိုလေး)


12 Mar 2019     1,461 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS