BEC-TERO TV

မင်းသမီးလေး ဖွေးဖွေး ကားအက်စီးဒင့်ဖြစ်ပြီး ဆေးကုသမှုခံယူနေရ

12 Mar 2019     2,499 Views


ကောင်းမွန်ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ ကလေးဆန်တဲ့ ချစ်စဖွယ်အမူအယာလေးတွေကြောင့် ပရိသတ်တိုင်းက သဲသဲလှုပ်ချစ်ကြရတဲ့ မင်းသမီးလေးဖွေးဖွေးကတော့ အောင်မြင်မှုတွေများစွာနဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်စာရင်းမှာ ရပ်တည်နေသူပဲဖြစ်ပါတယ်။ မနေ့ညမှာတော့ ပရိသတ်ရဲ့ အချစ်တော်မင်းသမီးလေး ဖွေးဖွေးနဲ့ပတ်သက်တဲ့ စိတ်မကောင်းစရာသတင်းတစ်ခုက လူမှုကွန်ယက်ပေါ်တက်လာခဲ့ပါတယ်။

အဲ့တာကတော့ ဖွေးဖွေးတစ်ယောက် ကားအက်စီးဒင့်ဖြစ်လို့ ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှုယူခဲ့ရတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မင်းသမီးလေး ဖွေးဖွေးကားတိုက်ခံရလို့ ခါးကိုခွဲစိတ်ကုသမှုယူထားရတယ်ဆိုတဲ့ အကြောင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်သူ ပရိုဂျူဆာ တင်ထွန်းဝင်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားမျှဝေထားခဲ့တာဖြစ်ပါတယ်။

ထိုသတင်းကြောင့် အနုပညာရှင်ညီအစ်ကို မောင်နှမတွေလဲ အံ့အားသင့်ခဲ့ကြရသလို ပရိသတ်တွေကလည်း ဖွေးစိန်လေးအတွက် စိုးရိမ်တကြီးဖြစ်လို့နေကြပါတယ်။ အတွင်းသိသူ ပရိသတ်တစ်ယောက်က ဖွေးစိန်လေးကားအက်စီးဒင့်ဖြစ်ခဲ့တာ (၃) ရက်လောက်ရှိပြီဖြစ်ပြီး ယခုထိဆေးရုံပေါ်မှာပဲ ရှိသေးတယ်လို့ ထိုပို့စ်ရဲ့အောက်မှာပဲ ကောမန့်ပြန်လည်ရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်တွေက ဖွေးစိန်လေး ဘယ်လောက်ထိဒဏ်ရာပြင်းထန်စွာရသွားသလဲလို့ စိုးရိမ်နေကြတာကြောင့် ပရိုဂျူဆာ တင်ထွန်းဝင်းက “တော်သေးတယ် ခါးပတ်ပတ်ထားလို့၊ နို့မို့ဆို…” ဆိုပြီးရေးသားကာ ဖွေးစိန်လေးတစ်ယောက် ကံသီလို့ဒဏ်ရာပြင်းပြင်းထန်ထန် မရသွားကြောင်းကို အကြောင်းပြန်ရေးသားထားပါတယ်။

(ပိုပိုလေး)

 

 


12 Mar 2019     2,499 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment