BEC-TERO TV

အတူအိပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို လူတွေသိအောင်ပြမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ တရားစွဲခံရတဲ့အဆိုတော်

12 Mar 2019     1,306 Views


တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကြီးသတင်းဋ္ဌာန SBS ကနေ အဆိုတော် တစ်ယောက်က သာမန်မိန်းမပျိုကို ခြိမ်းခြောက်ခဲ့တဲ့အကြောင်း အတိအကျ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဆိုတော် အမည်မှာ Jung Joon Young ဖြစ်ပြီး သူနဲ့အတူ အိပ်ဖူးတဲ့မိန်းကလေးကို ခြိမ်းခြောက်ခဲ့ကြောင်းသိရပါတယ်။ Jung Joon Young ဟာ အဆိုပါမိန်းကလေးနဲ့ အတူအိပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို သူမ မသိအောင်တိတ်တဆိတ်ရိုက်ယူထားခဲ့ပါတယ်။ သူတို့ နှစ်ဦး ဖြစ်ပျက်ပြီး အချိန်ကာလတစ်ခုကြာတဲ့အခါမှာမှ သူမက ဗွီဒီယိုရိုက်ထားကြောင်း သိရှိခဲ့ရတာဖြစ်ပြီး ဗွီဒီယိုကို ဘယ်သူ့ကိုမှမပြဖို့တောင်းဆိုခဲ့ပါတယ်။ သို့ပေမဲ့ Jung Joon Young ကလက်မခံခဲ့ပဲ သူငယ်ချင်းတွေနဲ့ Group Chat ထဲမှာ အတူ ကြည့်ဖို့ Share ခဲ့ပါတယ်။

ဒီအကြောင်းကို နစ်နာသူမိန်းကလေးသိသွားတဲ့အခါမှာတော့ Jung Joon Young ကို သိက္ခာချမှု၊ အရှက်တကွဲအကျိုးနည်းစေမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ သူမက ဒီကိစ္စနဲ့ ပတ်သတ်ပြီး Group Chat မှာ share ခဲတာဟာ သူမကို အရှက်ကွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တယ်လို့ယူဆတယ်လို့ပြောပါတယ်။ ဒါ့အပြင် Group Chat ထဲမှာ တခြား နာမည်ကြီးအဆိုတော်တွေလဲပါဝင်နေတဲ့အတွက် သူမ မျက်နှာတောင် မဖော်ဝံ့တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Jung Joon Young နှင့်အတူ Group Chat ထဲပါဝင်သူအဖြစ် Highlight အဖွဲ့ဝင် Jun Hyung ကိုသံသယရှိနေကြပါတယ်။

Jung Hyung အနေနဲ့ Jung Joon Young နဲ့ chat ခဲ့တာမှန်ပေမယ့် Group Chat ထဲမှာတော့ ပါဝင်ခြင်းမရှိကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။

 Jung Joon Young ရဲ့ ဒီလို အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတာတရားစွဲဆိုသူမိန်းကလေး တစ်ဦးတည်းမဟုတ်ပါဘူး။ သူမအရှေ့မှာ တခြားမိန်းကလေး တစ်ဦးရှိလဲရှိနေခဲ့ပြီး Jung Joon Young က video file နဲ့ခြိမ်းခြောက်တဲ့အတွက် ဘာမှမတတ်နိုင်ပဲ ဒီတိုင်းငြိမ်ခံနေခဲ့တာ ဖြစ်ကြောင်း သူမကလဲ ထုတ်ဖော်ပြောကြားလာပါတယ်။ လက်ရှိမှာတော့ Jung Joon Young ပါဝင်တဲ့ TV အစီအစဉ်တွေက သူ့ကို အစီအစဉ်မှထုတ်ပယ်ကြောင်းအသီးသီး ကြေငြာလိုက်ကြပါပြီ။ သူ့အနေနဲ့ လက်ရှိ ပဲရစ်မြို့မှာ စားသောက်ဆိုင်ဖွင့်ဖို့ ရောက်ရှိနေတာဖြစ်ပြီး ဒီသတင်းတွေကို ဖြေရှင်းဖို့ ကိုးရီးယားကိုပြန်လာနေပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 


12 Mar 2019     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS