သူရိုက်တဲ့ကားတိုင်း Bromance တွေပါလို့ Bromance King လို့ပြောစမှတ်တွင်နေတဲ့ Lee Jong Suk
11 Mar 2019 1,560 Views
လတ်တလော tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Romance is a Bonus Book ထဲက မင်းသားချော Lee Jong Suk ဟာ သူရိုက်တဲ့ကားတိုင်းလိုလို Bromance တွေပါတာကို ပရိတ်သတ်လဲသတိထားမိမှာပါ။ Bromance ဆိုတာကတော့ ဇာတ်ကားတစ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်မင်းသားနှစ်ယောက်ရဲ့ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုလေးတွေ ပြသတဲ့ Sense လေးတွေပဲဖြစ်ပါတယ်။
ဇာတ်လမ်းတွဲတွေမှာ Bromance လေးတွေပါဝင်တာကို ပရိတ်သတ်များကကြိုက်နှစ်သက်ကြပါတယ်။ Lee Jong Suk တော့ သူပါတဲ့ ကားတိုင်းက သရုပ်ဆောင်မင်းသားတွေနဲ့ ခင်မင်ရင်းနှီးလွယ်သူတစ်ယောက်ပါ။ ဒါကြောင့် သူ့အနေနဲ့ ဇာတ်ကားတိုင်းလိုလို Bromance အခန်းလေးတွေပါဝင်ဖို့ အထည့်ခံရလေသလား မပြောတတ်တော့ပါဘူး။ Lee Jong Suk ပါဝင်တဲ့ ဇာတ်ကားတွေထဲက ဘယ်မင်းသားတွေနဲ့ ဘယ်လို ရင်းနှီးမှုပုံစံမျိုးတွေပါဝင်သလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ကြရအောင်။
ဒါကတော့ School 2013 မှာ မင်းသား ကင်ဝူဘင်နဲ့အတူ သူငယ်ချင်းနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။
No Breathing ဇာတ်ကားမှာလဲ Seo In Guk နဲ့အတူ မိန်းကလေးတစ်ယောက်တည်းကို ကြိုက်မိတဲ့ မတည့်အတူနေသူငယ်ချင်းအဖြစ် သရုပ်ဆောင်ထားတာပါ။
Doctor Strangers ဇာတ်လမ်းတွဲမှာတော့ မင်းသား Park Hae Jin နဲ့အတူ bromance အခန်းတချို့ ပါဝင်နေခဲ့ပါတယ်။
Pinocchio ဇာတ်ကားမှာ Kim Young Kwang နဲ့အတူ ကောင်မလေးတစ်ယောက်တည်းကို အပြိုင်ကြိုက်မိတဲ့ ကောင်လေးနှစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။
တဖန် Pinocchio ဇာတ်ကားမှာပဲ Youn Kyun Sang နဲ့အတူ ညီအစ်ကိုအရင်း သံယောဇဉ်ကို ဖော်ကျူးထားတဲ့ Bromance ကိုမြင်တွေ့ရပါတယ်။
W: two worlds ဇာတ်လမ်းတွဲမှာတော့ Lee Jong Suk သက်တော်စောင့်အဖြစ် Lee Tae Hwan ကသရုပ်ဆောင်ထားပြီး သူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့သစ္စာရှိမှုကို Bromance တွေကသက်သေပြနေပါတယ်။
While you were sleeping မှာတော့ Jung Hae In , Shin Jae Ha တို့နဲ့အတူ သုံးယောက်တွဲ Bromance အခန်းတွေပါဝင်ခဲ့ပါတယ်။
ယခု လတ်တလော ထုတ်လွှင့်ပြသနေတဲ့ Romance is a bonus book ဇာတ်ကားမှာတော့ Wi Ha Joon နဲ့အတူ ရယ်စရာ Bromance လေးတစ်ခုဖန်တီးခဲ့ပါတယ်။ ဒီအခန်းလေးကြည့်ပြီး ‘လက်လေးပဲကိုင်ပြီး အိပ်ကြရအောင်၊ အစ်ကို့ကို ယုံတယ်မို့လား’ ဆိုတဲ့ ဒိုင်ယာလော့ခ်က ပရိတ်သတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။
ဒီလောက်ဆို Lee Jong Suk ရဲ့ Bromance တွေအကုန်လုံးကို ပရိတ်သတ်ကြီး ကျေနပ်အားရမိမယ်ထင်ပါတယ်။ ဘယ် bromance ကိုအကြိုက်ဆုံးလဲဆိုတာ ပြောသွားကြပါဦး ပရိတ်သတ်ကြီးရေ။
(popolay)