ဒရာမာဇာတ်လမ်းတွဲအသစ်မှာ ထက်မြက်ပြီးလှပတဲ့ အယ်ဒီတာအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Han Ye Seul
11 Mar 2019 1,312 Views
တောင်ကိုးရီးယားရဲ့ အလှဘုရင်မလို့တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး Han Ye Seul ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ Birth of a beauty ရုပ်သံဇာတ်လမ်းတွဲထွက်ပြီး ကတည်းက ဇာတ်လမ်းတွဲတွေဘက်မလှည့်တာကြာခဲ့ပါပြီ။
သူမဟာ ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်ပြီး ကြော်ငြာများစွာရိုက်ကူးရတဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ်။
၎ နှစ်တာ ဇာတ်လမ်းတွဲနဲ့ ကင်းကွာပြီး ဇာတ်လမ်းတွဲပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ့် သူမက SBS ကထုတ်လွှင့်မယ့် Big Issue ဇာတ်လမ်းတွဲမှာ Ji Soo Hyun အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Ji Soo Hyun ဆိုတဲ့အမျိုးသမီးဟာ ထက်မြက်တဲ့ အယ်ဒီတာတစ်ဦးဖြစ်ပြီး သရုပ်ဆောင်၊အဆိုတော်တွေရဲ့ အပုပ်ချသတင်းဆိုးတွေကို ဖော်ထုတ်ရာမှာ ကျွမ်းကျင်လှသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ထက်မြက်မှုနဲ့ လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်မှုတို့ကြောင့် သူမအကြောင်း အယ်ဒီတာနယ်ပယ်မှာ မသိသူမရှိ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။
ဇာတ်လိုက်မင်းသားအနေနဲ့ ဂျိုဂျင်းမိုက တွဲဖက်သရုပ်ဆောင်ထားပြီး သူကတော့ နာမည်ကြီးတွေရဲ့အတွင်းရေးဖော်ထုတ်သူ ပါပါရာဇီအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဒီကားဟာ The Last Empress အပြီးထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့ကစပြီး SBS မှထုတ်လွှင့်ပြသနေပါပြီ။ အမှန်တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ညွှန်းပါရစေ ပရိတ်သတ်ကြီးရေ.....
(popolay)