ရန်ကုန်မြို့ ကြီးကို ပြောင်းလဲဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတဲ့ ထက်ထက်ထွန်း
11 Mar 2019 1,571 Views
မော်ဒယ်နဲ့ အနုပညာ သရုပ်ဆောင် ထက်ထက်ထွန်းဟာ လာမည့် မတ်မှ ၃၁ ရက်နေ့မှာ ပြုလုပ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ထက်ထက်ထွန်းက “ စည်ပင်ဆိုတာကတော့ နိင်ငံရေးအကြီးစားကြီး မဟုတ်ပါဘူး ၊ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် စိတ် ၊ စေတနာ ပြည့်ဝဖို့လည်းလိုအပ်ပါတယ် ”လို့ ထက်ထက်ထွန်းကပြောပါတယ်။
စည်ပင်နဲ့ပါတ်သတ်တဲ့ ဥပဒေပိုင်း ၊ နည်းဥပဒေတွေကို ဆက်လက်လေ့လာသွားမှာပါ။ အဓိက ကတော့ ကိုယ်ပတ်ဝန်းကျင်ကို ပြောင်းလည်းချင်ရင် ကိုယ့်ကအရင်ပြောင်းလဲရမယ်။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလည်း နားဖွင့် ၊ နားစွင့် ထားရမယ်လို့ ဆိုပါတယ်။ အောက်ခြေကနေ လူတွေရဲ့ ဘဝအခြေအနေတွေ ၊ ခံစားချက်တွေကို နားလည်ဖို့လို့တယ်။ မြို့တော် တိုးတက်ဖို့အတွက် အကောင်းဆုံး ပြုပြင် ဆောင်ရွတ်သွားမယ်လို့ ဆိုပါတယ်။
“သူများအလုပ်လုပ်ရတာ ဝါသနာပါတယ်၊ သူများအကျိုးကို ဆောင်ရွတ်ပေးရတာ လုပ်ပေးရတာ သဘောကျတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ လုပ်နိုင်ဖို့အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူငယ်တွေအပေါ် ယုံကြည်မှုနည်းတဲ့အတွက်ကြောင့် နောက်လူငယ်တွေအတွက်လည်း ရှေ့ဆောင်လမ်းပြဖြစ်ချင်တယ် ” လို့ သူမကပြောပါတယ်။
ထက်ထက်ထွန်းဟာ Miss Universe myanmar 2016 ဆု ရရှိထားပြီး Nine Audio & Lighting Myanmar Company လုပ်ငန်း ကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကို ၂၀၁၉ မတ်က ၃၁ နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ်(၃)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ် ထက်ထက်ထွန်း သည် မတ်လ ၁၀ ရက် မွန်းလွဲပိုင်းက မဟာဗန္ဓုလပန်းခြံအတွင်း မဲဆွယ်မှုပြုလုပ်ခဲ့ပြီး စည်ပင်သာယာ ရွေးကောက်ပွဲအတွက် လူထုလှုံ့ဆော်ပွဲ(Campaign) ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ထက်ထက်ထွန်းကို မဲ့ထည့်ခွင့် ရရှိသူတွေက
(၁) ကြည့်မြင်တိုင်
(၂)စမ်းချောင်း
(၃)အလုံ
(၄)ဒဂုံ
(၅)ဆိပ်ကမ်း
(၆)လသာ
(၇)လမ်းမတော်
(၈)ပန်းဘဲတန်း
(၉)ဗဟန်း
(၁၀)ကမာရွတ်
(၁၁)တာမွေ
(၁၂)ရန်ကင်း စတဲ့မြို့နယ် ၁၂ မြို့တို့ ဖြစ်ပါတယ်။