ဘောလုံးကန်နေစဉ် မိုးကြိုးပစ်ချမှုကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
11 Mar 2019 1,316 Views
မတ်လ ၁၀ ရက်နေ့က လူငယ်အဖွဲ့တစ်ဖွဲ့ ဘောလုံးကွင်းထဲ၌ ဘောလုံးကန်နေစဉ် မိုးကြိုးပစ်ချခံခဲ့ရကာ မိုးကြိုးထိမှန်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့မှုတစ်ခု မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။
ကလန်း(မြောက်ပိုင်း) ရဲစခန်းမှ ရဲမှူး Nurulhuda Mohd Salleh ၏ အဆိုအရ မိုးကြိုးထိမှန်ခဲ့သူများမှာ ဘင်္ဂါလီ(မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းဖော်ပြ)လူမျိုးများ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အဆိုပါနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၃ ဦးကတော့ ဒဏ်ရာအသေးအဖွဲ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။