ဖျားနေစဉ်စားသုံးသင့်သည့် အစားအစာများ
11 Mar 2019 2,085 Views
လူတစ်ယောက်ဖျားနေတယ်ဆိုရင် နုံးချိပြီးဘာအစာမှ စားလို့မဝင်တော့တာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဖျားနေစဉ်အတောအတွင်းမှ မတည့်တာတွေလျှောက်စားရင် ပိုဖျားလာမှာပါနော်။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာ အာဟာရဓာတ်သင့်တင့်မျှတအောင် ဘယ်လိုအစားအစာမျိုးတွေ စားပေးရမလဲဆိုတာ ပိုပိုလေးမှဝေမျှပေးလိုက်ပါတယ်။
ကြက်သားစွပ်ပြုတ်
ကြက်သွန်ဖြူ
လူတော်တော်များများက ကြက်သွန်ဖြူကို နံတယ်ဆိုပြီး မနှစ်သက်ကြသူတွေများပါတယ်နော်။ ဒါပေမဲ့ ဆေးပညာရှင်တွေ စစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါမှာတော့ ကြက်သွန်ဖြူနေ့တိုင်းစားတဲ့ လူများဟာ ကြက်သွန်ဖြူမစားတဲ့လူထက် ၇၀ ရာခိုင်နှုန်း ဖျားနိုင်ချေပိုနည်းနေတာကို တွေ့ရှိခဲ့ရပါတယ်တဲ့။ ဒါကြောင့် မြန်မြန်အဖျားပျောက်ချင်တယ်၊ မဖျားချင်ဘူးဆိုရင် ကြက်သွန်ဖြူစားပေးဖို့မမေ့ပါနဲ့နော်။
လက်ဖက်ရည်(ရေနွေးကြမ်း)
ရေနွေးကြမ်းကတော့ မြန်မာအိမ်တိုင်းလိုလို အကြမ်းအိုးဆိုပြီး ထားလေ့ရှိကြပါတယ်နော်။ ရေနွေးကြမ်းသောက်သင့်တဲ့ အကြောင်းအရင်းလေးကတော့ လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖိန်းဓာတ်က ဖျားနေစဉ်အတောအတွင်း သတိမလစ်အောင်၊ နိုးကြားနေအောင် ထိန်းသိမ်းပေးမှာပဲဖြစ်ပါတယ်။
ပျားရည်
အအေးမိဖျားနာတတ်တဲ့လူတွေ အတွက်ပျားရည်ကအကောင်းဆုံးပါပဲ။ အအေးမိနေတယ်ဆိုရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ မျောချလိုက်ရင် အမြန်ဆုံးသက်သာသွားမှာပါ။
ဂျင်းနဲ့ သံပုရာရည်
ဒီနည်းလေးကတော့ ဖျားနေစဉ်အတောအတွင်းလေအောင့်ဗိုက်နာတတ်သူတွေအတွက်ပါ။ ဂျင်းပြုတ်ရည်ကို သံပုရာသီး နှစ်ခြမ်းလောက်ညှစ်ပြီး သောက်လိုက်ရင် အစာအိမ်လေနာတာတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေမှာပါ။
ပူစပ်စပ်အစားအစာများ
ဖျားနေစဉ်အတောအတွင်းမှာ လူတော်တော်များများက ပူစပ်စပ်တွေစားဖို့ရှောင်ကြတာများပါတယ်။ ပူစပ်စပ်အစားအစာတွေ ဖျားနေစဉ်စားတာဟာ လူကိုပွင့်ထွက်သွားစေပြီး နှာစေးချောင်းဆိုးတာကိုလဲ သက်သာပျောက်ကင်းစေပါတယ်။
အုန်းရည်
ဖျားနေစဉ်အတောအတွင်း ကျွန်တော်တို့ကိုယ်ခန္ဓာဟာရေဓာတ်ဆုံးရှုံးတတ်ကြပါတယ်။ အုန်းသီးဟာ ရေဓာတ်အများအပြားပါဝင်တဲ့ အသီးတစ်လုံးဖြစ်တာကြောင့် ဖျားနေစဉ်အုန်းရည်သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။
ဒိန်ချဉ်