BEC-TERO TV

Paris Fashion Week မှာ လူတကာငေးမောရလောက်အောင်လှနေတဲ့ Park Shin Hye

08 Mar 2019     1,448 Views


Memories of Alhambra ထဲက ခေါင်းဆောင်မင်းသမီးလေး Park Shin Hye ဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ရပ်တည်လာခဲ့တာ အခုဆိုရင် အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ယောက်ဖြစ်နေပါပြီ။

Shin Hye ဟာသရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုလဲကောင်းတယ်ဆိုတာကို You’re beautiful(အိန်ဂျယ်ချစ်သူ)၊ HeartSrings အစရှိတဲ့ Musical ဇာတ်လမ်းတွဲကြည့်ဖူးသူတိုင်းသိမှာပါ။ Shin Hye အဓိကဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ ဇာတ်လမ်းတွဲတွေကတော့ Tree of heaven, Pinnocchio, Doctors, The Heirs နဲ့ Memories of the Alhambra တို့ပဲဖြစ်ပါတယ်။

Shin Hye တစ်ယောက် သရုပ်ဆောင်ကောင်းရုံတင်မဟုတ်ပါဘူး သူမရဲ့ အလှအပကလဲ မြင်သူတကာကိုငေးမောသွားစေပါတယ်။ Shin Hye ဟာ ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ မင်းသမီးတစ်ယောက်လို့ပြောလို့ရပါတယ်။

မတ်လ (၅) ရက်နေ့ကပြုလုပ်ခဲ့တဲ့ Paris Fashion Week မှာ Shin Hye တစ်ယောက် ဆံပင်ပုံစံအသစ်နဲ့ ပရိတ်သတ်ကိုအံ့အားသင့်အောင်ပြုလုပ်ခဲ့ပါတယ်။ Shin Hye  Memories of Alhambra ဇာတ်လမ်းတွဲအပြီးမှာ ဆံပင်ညှပ်လိုက်တာဖြစ်ပြီး ဒါဟာ ပထမဦးဆုံး ဆံပင်ညှပ်ပြီး လူရှေ့ထွက်ပြတာပဲဖြစ်ပါတယ်။

Park Shin Hye တို့ကတော့ ဆံပင်အရှည်နဲ့ပဲဖြစ်ဖြစ် အတိုနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်နေတာပါပဲနော်။

(ပိုပိုလေး)


08 Mar 2019     1,448 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS