တေးရေးကမ္ဘာရဲ့ဈာပနအခမ်းအနားမှ ကြေကွဲဖွယ်မြင်ကွင်းများ
07 Mar 2019 1,418 Views
အဆိုတော် ဂျီလတ်ရဲ့ညီဖြစ်သူ တေးရေးကမ္ဘာကတော့ ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို လူ့လောကထဲကနေထွက်ခွာသွားတာကြောင့် မိသားစုနဲ့ ချစ်ခင်ရသူတွေက ၀မ်းနည်းစိတ်မကောင်းဖြစ်နေသလို အစ်ကိုဂျီလတ်ကလည်း ညီဖြစ်သူအတွက် စိတ်မကောင်းခြင်းများစွာနဲ့ ပူဆွေးနေရပါတယ်။
ဂီတလောကထဲမှာ လူကြိုက်များတဲ့ သီချင်းကောင်းတွေများစွာကို ရေးဖွဲ့ဖန်တီးခဲ့တဲ့ တေးရေးကမ္ဘာ (ခ) ဖေကမ္ဘာငြိမ်းချမ်းရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီကနေ့ မတ်လ (၇) ရက်နေ့တွင် ရေဝေးသုသာန် ခရစ်ယာန်င်္သချိုင်းမှာပြုလုပ်ခဲ့ပါတယ်။ တေးရေးကမ္ဘာရဲ့ နောက်ဆုံးခရီးကိုတော့ ချစ်ခင်ရသူအပေါင်းအသင်းများနဲ့ အနုပညာရှင်အချို့က လိုက်လံပို့ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ညီဖြစ်သူရဲ့ဈာပနကို လိုက်လံပို့ဆောင်ရင်း ပူဆွေးမျက်ရည်ကျနေတဲ့ အစ်ကိုဖြစ်သူဂျီလတ်နဲ့ မိခင်ကြီးရဲ့ပုံရိပ်တွေက မြင်ရသူတွေကို စိတ်မကောင်းခြင်းများစွာဖြစ်စေခဲ့ရပါတယ်။ ပရိသတ်ကြီးအတွက် ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ တေးရေးကမ္ဘာရဲ့ ဈာပနအခမ်းအနားမှပုံရိပ်တွေကို စိတ်မကောင်းခြင်းများစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
တေးရေးကမ္ဘာဟာဆိုရင် သေဆုံးချိန်မှာ အသက် (၃၆) နှစ်သာရှိသေးပြီး ဗိုက်မှာထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ တေးရေးကမ္ဘာရဲ့သေဆုံးမှုကို ယာဉ်တိုက်မှုအဖြစ်သတ်မှတ်ထားခဲ့ပြီးဖြစ်ပါတယ်။ တေးရေးကမ္ဘာတစ်ယောက် ကောင်းရာဘုံဘ၀မှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆန္ဒပြုလိုက်ရပါတယ်။
(ပိုပိုလေး)
Photos_Eleven