မြောင်းမြတွင် ၁၀ တန်းစာမေးပွဲ အခန့်စောင့် ဆရာမတစ်ဦး နေအိမ်၌ သေဆုံးမှုဖြစ်ပွား
07 Mar 2019 1,332 Views
ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ၁၀ တန်း စာမေးပွဲခန်းစောင့်ရန် ဆရာမတစ်ဦး ပျက်ကွက်တာကြောင့် လိုက်ခေါ်ရာ နေအိမ်တွင် တစ်ဦးတည်း သေဆုံးလျှက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့၊ မဟာစည်လမ်းမကြီး၊ အိမ်အမှတ်(၄၇၀)နေ ဆရာမဒေါ်ခင်အေးအေးမွန်.(BSC.BED) အမှတ်(၅)အထက အထက်တန်းပြဆရာမသည် ဆယ်တန်းစာမေးပွဲစောင့်ရန် မလာသဖြင့် ကျောင်းလုပ်သား မောင်သက်ကိုအောင် က အိမ်သို့လာရောက်ခေါ်ရာ ပြန်မထူးသဖြင့် ရပ်ကွက်နေပြည်သူများမှ ခြံတံခါးအတွင်း ဝင်ရောက်ကြည့်ရာ နောက်ဖေးတံခါးပေါက်ပွင့်လျှက် တံခါးအနီးပက်လက်အနေအထားဖြင့် သေဆုးံနေကြောင်း တွေ့ရှိခဲ့ရသည်။
ရပ်ကွက်အုပ်မှူးမှ မြောင်းမြရဲစခန်းသို့ အကြောင်းကြားပြီး ဝင်ရောက်စစ်ဆေးကြရာ ပြင်ပဒါဏ်ရာ တစ်စုံတရာမတွေ့ ပစ္စည်းများပျောက်ရှခြင်းမရှိပဲ သေဆုံးနေကြောင်းဆရာမသေဆုံးမှု အပေါ်သွေးရိုးသားရိုးသေဆုံးမှု ဟုတ်မဟုတ် မြောင်းမြရဲစခန်းမှ ဆရာမအလောင်းကို ဆေးရုံရင်ခွဲရုံသို့ သယ်ဆောင်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ကြောင်း ကနဦးသတင်း ရရှိပါသည်။
သတင်း − ရဝေမောင်(မြောင်းမြ)