အမှုကိစ္စတွေဖြစ်ပြီးနောက်ပိုင်း ပရိသတ်ကပိုချစ်လာကြတယ်ဆိုတဲ့ မင်းထက်နဲ့ စိုးနန္ဒာကျော်
06 Mar 2019 1,613 Views
သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့စုံတွဲကိုတော့ ပရိသတ်ကြီးအားလုံးသိရှိပြီးဖြစ်မှာပါ။ သရုပ်ဆောင်မင်းထက်ဟာဆိုရင် သူ့ရဲ့အရင်ရည်းစားဟောင်းဖြစ်သူ မနှင်းအိရွှေရည်ရဲ့ တရားစွဲဆိုခြင်းကိုခံထားရသူပါ။ မနှင်းအိရွှေရည်က သူမသမီးလေးရဲ့ဖခင်ဟာ သရုပ်ဆောင်မင်းထက်ပါလို့ လူသိရှင်ကြားပြောကြားသွားပြီး မင်းထက်ကို ကာမလိမ်လည်ရယူမှု ရာဇသတ်ကြီးပုဒ်မ (၄၁၇) ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တရားရုံးကနေ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ ထိုသတင်းက၂၀၁၈ ခုနှစ်အတွင်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ သတင်းတွေထဲက တစ်ခုအပါအ၀င်လည်းဖြစ်ခဲ့ပါတယ်။
စွဲဆိုခံထားရတဲ့ အမှုအတွက်ကိုတော့ တရားဥပဒေအညီရင်ဆိုင်နေတယ်ဆိုတဲ့ မင်းထက်နဲ့ စိုးနန္ဒာကျော်တို့နှစ်ယောက်ကတော့ ဒီလိုအမှုကိစ္စတွေဖြစ်ပြီးနောက်မှာ ပရိသတ်တွေရဲ့ချစ်ခြင်းကို ပိုရတယ်လို့ ဆိုလာပါတယ်။ ယခုလိုမျိုးတရားစွဲဆိုခံခဲ့ရပေမယ့် ပရိသတ်တွေကမုန်းတီးခြင်းမရှိပဲ သူတို့နှစ်ယောက်ကို ပိုမိုချစ်လာကြတဲ့အတွက် သူတို့အတွက်တော့ အမြတ်ဖြစ်သွားတယ်လို့ မင်းထက်က အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။
မင်းထက်က “အမှန်အတိုင်းပြောရရင် ကျွန်တော်တို့နှစ်ယောက်ဒီလိုဖြစ်သွားတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်တို့အတွက် တွန်းအားဖြစ်သွားတယ်၊ နှစ်ဆပိုကြိုးစားချင်စိတ် ဖြစ်သွားတယ်။ ပရိသတ်ကလည်း ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကိုတိုက်ခိုက်တာတို့ ဘာတို့မကြုံရပါဘူး။ ကျွန်တော်တို့ကို တကယ်ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့ ပရိသတ်တွေပါပဲ။ ကျွန်တော်တို့ရောက်ခဲ့တဲ့ ရှိုးတွေဆိုရင်လည်း မော်လမြိုင်၊ မြ၀တီ၊ မကွေး၊ မင်းဘူး၊ ပျော်ဘွယ် အဲ့ကပရိသတ်တွေအားလုံးနဲ့ ထိတွေ့ဆက်ဆံမိတယ်။ ကျွန်တော်တို့ဘက်ကလည်း တလေးတစားပရိသတ်ကို အမြဲတမ်းဆက်ဆံတဲ့အတွက် စေတနာရောင်ပြန်ဟပ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့အပေါ်လည်း နွေးထွေးချစ်ခင်တဲ့ ချစ်ကြည်တဲ့တုန့်ပြန်မှုတွေကိုပဲ အမြဲတမ်းခံစားရပါတယ်” ဆိုကာ အမှုကိစ္စတွေရင်ဆိုင်နေရပေမယ့် ပရိသတ်တွေက အမုန်းမပွားပဲ ပိုမိုချစ်ခင်လာတယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် တရားရုံးမှာ လက်ထပ်ထိမ်းမြားပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ဟာ မင်္ဂလာပွဲကိုတော့ နောက်နှစ်မှာပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ ရန်ကုန်မှာကျင်းပမှာဖြစ်ပြီး သူတို့နှစ်ယောက်စတင်တွေ့ဆုံခဲ့တဲ့ ကန်ကလားဆိုတဲ့ ရွာလေးမှာလည်း မြန်မာ့ရိုးရာအတိုင်းမင်္ဂလာဆောင်သွားမယ်လို့ သိရပါတယ်။ အကောင်းအဆိုးတို့ကြုံလာတိုင်း တစ်ယောက်နဲ့တစ်ယောက်လက်တွဲမဖြုတ်ပဲ အမြဲတမ်းဖေမကူညီနေကြတဲ့ သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့စုံတွဲလေးကို ချစ်တဲ့သူတွေရောရှိကြလား…
Source_AKonThi
(ပိုပိုလေး)