လက်ထပ်ခဲ့တာ (၉) လကျော်ရှိပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြောလိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်
06 Mar 2019 1,913 Views
မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမား အောင်သူနဲ့ သရုပ်ဆောင်မင်းသမီးလေး ပိုးအိအိခန့်တို့ရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက အလွန်ကိုစိတ်ဝင်စားနေကြတာပါ။ အောင်သူကလည်း အားကစားလောကမှာ နာမည်ကြီးလူကြိုက်များသူဖြစ်ပြီး ပိုးအိအိခန့်ကလည်း သရုပ်ဆောင်လောကထဲမှာ နေရာတစ်နေရာရရှိထားသူဖြစ်ပါတယ်။ ဒီလိုမျိုး မတူညီတဲ့နယ်ပယ်နှစ်ခုကြားက သူတို့နှစ်ဦးရဲ့အချစ်ရေးကို ပရိသတ်တွေစိတ်ဝင်စားကြတာက အထူးအဆန်းတော့ ဟုတ်မည်မထင်ပါ။
တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်ကြောင်း ကြေညာပြီးနောက် သိပ်မကြာခင်မှာပဲ လက်ထပ်စာချုပ်ကိုယ်စီနဲ့ အတူတွဲရိုက်ထားတဲ့ ပုံရိပ်တွေက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပေမယ့် ကာယကံရှင်နှစ်ယောက်ကတော့ ဘာမှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့လို့ ပရိသတ်တွေက သို့လော သို့လောနဲ့သာ ထင်ကြေးပေးရင်း ပြီးဆုံးသွားခဲ့ပါတယ်။
ယနေ့မှာတော့ သရုပ်ဆောင်ပိုးအိအိခန့်နဲ့ အောင်သူတို့ ချစ်သူစုံတွဲနှစ်ယောက်လုံးက သူတို့နှစ်ယောက် လက်ထပ်ခဲ့တာ (၉) လပြည့်သွားပြီဆိုတဲ့အကြောင်းကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ထပ်ခဲ့တာ ၉ လကျော်သွားပြီဖြစ်ကြောင်းကို ချစ်စဖွယ်စာသားလေးတွေနဲ့အတူ ကိုယ်စီလူမှုကွန်ယက်မှာရေးတင်ရင်း ပရိသတ်တွေသိချင်နေကြတဲ့ အဖြေကိုအတိအလင်းကြေညာလိုက်တာပဲဖြစ်ပါတယ်။
သရုပ်ဆောင် ပိုးအိအိခန့် သူမရဲ့ဖေ့စ်ဘွတ်မှာ “ကို
ဖောင်းတို့ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ
ဖောင်းတို့ရဲ့ အချစ်တွေ ဘယ်တော့မှ လက်တွဲမဖြုတ်တော့ဘူးဆိုတာရယ်…
တစ်ယောက်နဲ့တစ်ယောက်…မခွဲနိုင်တော့ဘူးဆိုတာ သေချာခဲ့လို့လို့ ကိုပြောခဲ့ဖူးတယ်နော်…
ဘာလိုလိုနဲ့ အခုဆို လက်ထပ်ခဲ့တာ ၉ လတောင်ကျော်ပြီ..... ဖောင်းတို့နှစ်ယောက်ရဲ့အချစ်တွေ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ဖောင်းတို့နှစ်ယောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်တဲ့အပေါ်မှာကြည့်ပြီးဆုံးဖြတ်လို့ရပါတယ်…ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဖောင်းဘေးမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုရယ်… အခုလိုလေးပဲ အမြဲတမ်းတစ်သက်လုံးရှိနေမယ်လို့လည်း ဖောင်းယုံကြည်ပါတယ်
❤Happy 9th Monthsary Marriage Life ❤ပါကို.. Love u damn much Ko” ဆိုပြီး အောင်သူ့ကို Tag တွဲပြီးရေးသားထားကာ…
အောင်သူကလည်း သူ့ရဲ့ဖေ့စ်ဘွတ်မှာ “ဖောင်းလေးရေ
ဘာလိုလိုနဲ့ကိုတို့လက်ထပ်ထားတာ အခုဆို၉ လတောင်ကျော်ခဲ့ပြီနော်
ကိုတို့နှစ်ယောက်တွက်ဝေဖန်ပြောဆိုခြင်းတွေလည်းအများကြီးရှိခဲ့တယ်
တိုက်ခိုက်ခံရခြင်းတွေလည်းရှိခဲ့တယ်.. ဒါပေမယ့်ဘာမှမဖြစ်ပါနဲ့ဖောင်းရယ်
နားလည်ပေးလိုက်ပါနော်.. အဓိကက ကိုတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်သစ္စာရှိဖို့ရယ်
တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိဖို့ရယ်ကအရေးကြီးဆုံးပါပဲ
အဲ့ဒါမျိုးလေးတွေ တည်ဆောက်သွားမှ နောင်တစ်ချိန်မှာ ကိုတို့နှစ်ယောက်လိုချင်တဲ့ ရိုးရှင်းတဲ့မိသားစုဘဝလေးရမှာဖောင်းရဲ့ ကိုသူများတွေလိုစကားလုံးလှလှလေးတွေတော့မပြောတတ်ပါဘူး
ဒါပေမဲ့ ကိုဖောင်းကိုချစ်တယ် ဖောင်းနဲ့ပက်သက်ရင် ကို့ခေါင်းထဲမှာအတွေးတွေအများကြီးရှိပြီသားပါ
ဖောင်းရေအရင်တုန်းကတော့ချစ်တယ်ကြိုက်တယ်ပေါ့ ခုတော့တစ်ဆင့်တိုးသွားပြီ ဆိုးတူကောင်းဖက် တူတူရင်ဆိုင်ရမဲ့ချိန်ဖြစ်သွားပြီဖောင်း ဘာပဲဖြစ်ဖြစ်တွဲလက်မဖြုတ်ကျေးနော်
ဘာတွေဘယ်လိုပဲ ဖြစ်လာဖြစ်လာ ကို ဖောင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးမယ်နော်
သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ကိုရယ်ဖောင်းရယ် ဆက်ပြီး တည်ဆောက်သွားကြမယ်နော်
❤️Happy 9th Monthsary Marriage Life ❤️ပါဖောင်းလေး” ဆိုပြီး လက်ထပ်ခဲ့တာ (၉) လကျော်တောင်ရှိပြီဖြစ်ကြောင်း အမှတ်တရစာသားလေးတွေနဲ့အတူ ထုတ်ဖော်ရေးသားလိုက်တာပဲဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးရေ… ပရိသတ်ကြီး အရမ်းအရမ်းကို သိချင်နေကြတဲ့ အဖြေကိုတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့နှစ်ယောက်လုံးက တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါပြီနော်… လက်ထပ်ပြီးတာ (၉) လပြည့်သွားပြီဖြစ်တဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ ချစ်သူစုံတွဲလေးမဟုတ်တော့ပဲ ဇနီးမောင်နှံဖြစ်သွားပါပြီနော်…
(ပိုပိုလေး)