BEC-TERO TV

ဘုရားရှင်က အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ထောင်ဝန်ထမ်းနှစ်ဦးကို ဓါးနဲ့ထိုး

06 Mar 2019     1,402 Views


ဘာသာရေးအစွန်းရောက်ကာ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုနဲ့ ပြင်သစ်နိုင်ငံ နော်မန်ဒီ ရှိ Conde-sur-Sarthe အကျဉ်းထောင်တွင် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသော ထောင်သားတစ်ဦးက ဧည့်တွေ့ချိန်တွင် ဇနီးဖြစ်သူ ခိုးဝှက်ယူဆောင်လာသောဓားဖြင့် ထောင်ဝန်ထမ်း အစောင့်နှစ်ဦးကို ထိုးကာအကြမ်းဖက်မှု မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။
 
 
အသက် ၂၇ နှစ်အရွယ် “Michael Chiolo” ဟာ ၂၀၁၄ ခုနှစ်က စိတ္တဇဆန်စွာ ဘာသာရေးအစွန်းရောက် သုတ်သင်သတ်ဖြတ်မှုအတွက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်ကျနေစဉ် မိသားစုနဲ့ ပုံမှန်တွေ့ဆုံခွင့် ရခဲ့သည်။
 
 
အခင်းဖြစ်ပွားမည့်နေ့က သူ၏ ဇနီးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးက ထောင်ဝင်စာလာတွေ့စဉ် ဓားကို ဝှက်ယူလားခဲ့ပြီး သူ့အား ပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အာရပ်ဘာသာဖြင့် “Alluhu Akbar” (ဘုရားသခင်က အကြီးမြတ်ဆုံး)ဟု ဟစ်ကြွေးပြီး အခန်းကိုစောင့်ကြပ်သော ထောင်ဝန်ထမ်း နှစ်ဦးကို ဓါးဖြင့်ထိုးခဲ့သဖြင့် တစ်ဦးမှာ ရင်ဘတ်ထိုးခံရပြီး ကျန်တစ်ဦးမှာ နောက်ကျောနဲ့ မျက်နှာကို ထိုးခံခဲ့ရသည်။ နှစ်ဦးစလုံး ဒဏ်ရာရခဲ့သော်လည်း အသက် အန္တရာယ်မစိုးရိမ်ရ အခြေနေနဲ့ ဆေးကုသမှုခံယူနေကြရသည်။
 
 
အကြမ်းဖက်သမားနှိမ်နင်းရေး ရဲအရာရှိများ၏ အဆိုအရ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ နံနက် ၉ နာရီ ၄၅ အချိန်က ထောင်ဝင်စာလာတွေ့ပြီး သူတို့နှစ်ဦးကို မိသားစု တွေ့ဆုံခန်းမှာ လွပ်လပ်စွာပေးတွေ့ခဲ့သည်။ အဲဒီနောက် ရဲနှစ်ဦး ဓါးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဲဒီနောက် အခန်းထဲမှာ ပေါက်ကွဲသံ သေနတ်ပစ်သံများ ထွက်ပေါ်လာပြီး Michael Chiolo ကို ဒဏ်ရာရလျှက် ပြန်လည် ဖမ်းဆီးရခဲ့ပြီး ဇနီးဖြစ်သူကတော့ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
 
 
“Michael Chiolo” ဟာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ပြီးနောက် နာဇီညှင်းပမ်းရေးစခန်းမှ လွတ်မြောက်ကာ အသက် ရှင်ကျန်ရစ်ခဲ့သော အသက် ၈၉ နှစ်အရွယ် ဂျူးအမျိုးသားကြီးအား မျိုးစုံညှင်းပမ်းနှိပ်စက်ပြီး နောက်ဆုံးမှာ သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရသူဖြစ်သည်။
 

06 Mar 2019     1,402 Views




RELATED

Most Popular of International News

Most Popular of NEWS