BEC-TERO TV

ပခုက္ကူကျောင်းတွင်းသင်္ကြန် ခိုက်ရန်ဖြစ်ပွဲခဲ့ပြီး အနီးနားရွာသားတစ်ဦးမှ ဓားနဲ့ဝင်ခုတ်

06 Mar 2019     1,696 Views


မတ် ၅ ရက် နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ်အတွင်း ကျင်းပသည့် ကျောင်းတွင်းသင်္ကြန်ပွဲတွင် ခိုက်ရန်ဖြစ်ပွားရာမှ ကျောင်းသားနှစ်ဦးအရိုက်နှက်ခံရပြီး ကျောင်းသားတစ်ဦး ဓားခုတ်ခံရပါတယ်။

ပခုက္ကူတက္ကသိုလ်အတွင်း သတ္တဗေဒ၊ ရူပဗေဒ၊ အရှေ့တိုင်း၊ ဒဿနိနှင့် ပထဝီ ဘာသာရပ်များမှ ကျောင်းတွင်းသင်္ကြန်ပွဲ အား ကျင်းပရာ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် လိုက်ပါလာသည့် ထူးကြီး (ပခုက္ကူမြို့နယ်၊ ဆယ်ရွာနေ) ဆိုသူတို့က ကျောင်းသားများအား လိုက်လံရိုက်နှက်၍ ဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကျောင်းတွင်းသင်္ကြန်ပွဲတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ရူပဗေဒဘာသာရပ်မှ ကျောင်းသားနှစ်ဦး ရိုက်နှက်ခံရကာ တစ်ဦးမှ ဦးခေါင်းပေါက်ပြဲ၍ ငါးချက်ချုပ်ခဲ့ရပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခြင်းမရှိဘူးလို သိရပါတယ်။

“ကျောင်းသားတစ်ဦးနဲ့ အတူပါလာ တယ်။ သူတို့က ပထမဆုံး Physics  မေဂျာ သင်္ကြန်ပွဲသွားပြီး ရန်ဖြစ်တယ်။ ကျောင်းသား နှစ်ဦးကို ပုလင်းနဲ့ရိုက်ခဲ့တယ်။ တစ်ဦးကငါးချက် ချုပ်ရတယ်။ တစ်ဦးကတော့ မချုပ်ရဘူး။ အဲဒီနောက် Zolo မေဂျာသင်္ကြန်ပွဲကို ထပ်သွားပြီး ပြဿနာရှာတယ်။ အဲဒီမှာ ကျောင်းသားတစ်ဦးကို အပြင်လူက ဓားနဲ့ ခုတ်တယ်။ နောက်ကျောထိသွားပြီး ဆေးရုံတင်လိုက်ရတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ကျူးလွန်သူက အရင်ကလည်း ကျောင်းကို ဓားကိုင်ဝင်ဖူးတယ်။ ဥပဒေအရ ထိထိရောက်ရောက်အရေးယူဖို့ ဆက်လုပ်သွားမယ်” ဟု ပခုက္ကူတက္ကသိုလ်မှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်ပြိး ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ “ဘာသာရပ်များရဲ့ ရေကစားပွဲတော်တွေမှာ တက္ကသိုလ်ကျောင်းသားကျင့်ဝတ် သိက္ခာနဲ့ မညီတဲ့ ရန်ပွဲများဖြစ်ပွားခဲ့ပါသည်။ ရန်ဖြစ်သည်သောလုပ်ရပ်ဟာ နိုင်ငံကြီးသား မပီသကြလို့ပါ။ အဆိုပါလုပ်ရပ်အား အပြင်းအထန် ရှုံချတယ် ခဲ့ကြပါတယ်။

လူမှုကွန်ရပ်မှာလည်း ကျောင်းသားတွေဖြစ်ပြီး ဦးနှောက်မရှိတဲ့  လုပ်ရပ် ၊ အဆင့်တန်းမဲ့ တဲ့  လုပ်ရပ်လို့ အမျိုးမျိုး ဝေဖန်ခံခဲ့ရပါတယ်။ အဆိုပါလုပ်ရပ်ကြောင့် ပခုက္ကူ တက္ကသိုလ် ကျောင်းပုံရိပ်ကို အကျည်းတန် ထိခိုက်စေပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အရာရှိ တစ်ဦးက လက်ရှိအချိန်ထိ အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်းနှင့် ဖြစ်စဉ်အား စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

 

 


06 Mar 2019     1,696 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS