ရည်းစားဖြစ်သူ နှိပ်စက်ရိုက်နှက်တာကို မတော်ဆ Live လွှင့်မိတဲ့ ပေါ့ပ်အဆိုတော် (ရုပ်သံ)
05 Mar 2019 1,502 Views
တောင်အာဖရိကနိုင်ငံက နာမည်ကြီး Pop အဆိုတော် “Babes Wodumo” ဟာ မနေ့ကနံနက် စောစောပိုင်းမှာ ရည်းစားဖြစ်သူက သူမရဲ့အိမ်ခန်းထဲဝင်ပြီး သူမကို ရိုက်နှက်နေတဲ့ ရုပ်သံကို လူမှုကွန်ယက် အင်စတာဂရမ်မှာ မတော်တဆ Live လွှင့်မိရာမှ ရဲအမှုအခင်းဖြစ်ခဲ့ရပါတယ်။
ရည်းစာဖြစ်သူ ‘Maphumula’ အသက် ၃၆ နှစ်က သူမကို ဆံပင်စောင့်ဆွဲပါးရိုက်နေတဲ့ ၃၈ စက္ကန့်စာ ရုပ်သံ Live တက်လာခဲ့ပြီးနောက် တောင်အာဖရိကရှိ သူမရဲ့ ပရိသတ်တွေကြားထဲ အလျှင်မြန် ပျံ့နှံ့ကာ ရဲစခန်းကို အကြောင်းကြားခဲ့တဲ့ အတွက် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှု ခံခဲ့ရတာဖြစ်ပါတယ်။
“ရဲတွေအနေနဲ့ Ms Wodumo ရဲ့ ရုပ်သံမှာ ရိုက်နှက်စော်ကားခံနေရတာနဲ့ ပက်သက်ပြီး စုံမ်းစစ်ဆေးဖို့ လိုအပ်ရင် အမှုဖွင့်ဖို့ အမျိုးသားကော်မရှင်က အမိန့်ထုတ်ထားပါတယ်၊ လက်ရှိမှာ စစ်ဆေးမှုတွေ လုပ်သွားမှာပါ” ဟု တောင်အာဖရိက ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
‘Wodumo’ ရဲ့ တွစ်တာအကောင့်မှာတော့ အခုလို တိုင်ကြားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ လတ်တလော သူမမှာ အဖြစ်ပျက်နဲ့ ပက်သက်ပြီး စိတ်ခံစားချက်တွေ ရှိနေသေးကြောင်း၊ နောက်ရက်ကျမှ အွန်လိုင်းပေါ်ကနေ အကြောင်းကြားပေးသွားမှာဖြစ်ကြောင်း ရေးသာထားခဲ့ပါတယ်။