အမြဲတမ်းနည်းပြ ဖြစ်ဖို့ ထိုက်တန်တဲ့ ဆိုးရှားလ် နဲ့ အပြောင်းအရွှေ့ သတင်းတိုများ
05 Mar 2019 1,375 Views
ယာယီနည်းပြအဖြစ် ဆိုးရှားလ်ကိုခန့်အပ်ပြီး ရလဒ်ကောင်းတွေဆက်တိုက်ရရှိလာပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်အသင်းသားတွေက ဆိုးရှားလ်ကို အမြဲတမ်းနည်းပြဖြစ်လာလိမ့်မယ် လို့ယုံကြည်နေကြတာဖြစ်ပါတယ်။
အသင်းရဲ့အ၀တ်လဲခန်းအတွင်းမှာလည်း ဆိုးရှားလ်အပေါ်ထောက်ခံမှုတွေမြင့်တက်လာပြီး အသင်းရဲ့ကစားသမားအများစုဒဏ်ရာရရှိနေတဲ့အချိန်မှာတောင် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ဆိုးရှားလ်ရဲ့အရည်အချင်းကလည်း အမြဲတမ်းနည်းပြဖြစ်ဖို့ ထိုက်တန်တယ်လို့ အသင်းသားတွေကယူဆနေပါတယ်။
ရီးရဲလ်မက်ဒရစ် နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အေစီမီလန်အသင်းခေါင်းဆောင် ရိုမန်နက်ဂ်လီ က အသင်းကထွက်ခွာဖို့စိတ်ကူးမရှိဘူးလို့ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၁ မှာစာချုပ်သက်တမ်းကုန်တော့မယ့် အသင်းရဲ့ဂိုးသမား Guaita နရာအတွက် စတုတ်စီးတီးအသင်းရဲ့ ဂိုးသမား Butland ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။
ရီးရဲလ်မက်ထရစ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ လူငယ်ကစားသမား အဆန်စီယို ကို ဂျုဗင်တပ်ကခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ခြေစွမ်းပြကစားနေတဲ့ ဒေါ့မွန်တောင်ပံကစားသမားလေး ဆန်ချို ကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် နဲ့ ပီအက်စ်ဂျီ တို့ နှစ်သင်းအပြိုင်ကြိုးစားနေပါတယ်။ ကစားသမားအတွက် ပြောင်းရွေ့ကြေး အနည်းဆုံး ပေါင်သန်း(၁၀၀)ရမှ ဒေါ့မွန်ကလက်လွှတ်ဖွယ်ရှိပါတယ်။