BEC-TERO TV

နောက်တစ်ဆင့်ကို တက်ရောက်နိုင်မဲ့အသင်းတွေကို ဆုံးဖြတ်ပေးမဲ့ ချန်ပီယံလိဂ် ည

05 Mar 2019     1,501 Views


ဒီတစ်ပါတ်မှာတော့ ချန်ပီယံလိဂ် ၁၆ သင့်အဆင့်မှာ ဘယ်အသင်းတွေက နောက်တစ်ဆင့်ကို တက်ရောက်သွားမလဲ ၊ ဘယ်အသင်းတွေက ဒီအဆင့်ကနေ လှည့်ပြန်သွားရမလဲ ဆိုတာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ ၊ ဒေါမွန် နဲ့ စပါး ၊ ရီးရဲလ်မက်ထရစ် နဲ့ အေဂျက်စ်  ၊ ပေါ်တို နဲ့ ရိုးမား ပွဲစဉ် တို့ပါဝင်ပါတယ်။

ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ (ပကျော့ ၀-၂ )

သမိုင်းနောက်ခံကြီးမားတဲ့ အသင်းနှစ်သင်း တွေ့ ဆုံမှုမှာ နောက်တစ်ဆင့်တက်ဖို့ အတွက် နှစ်သင်းလုံးက အရေးပါနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှား လက်အောက်မှာ ခြေစွမ်းမှန်ပြန်ရလာတယ် ဆိုပေမဲ့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာတောင် ၀-၂ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ဘယ်လိုရလဒ် ဖြစ်စေ ပီအက်စ်ဂျီ ကွင်းမှာတော့ ယူနိုက်တက်တို့ ဖောင်ဖျက် ကစားရတော့မှာပါ။ ယူနိုက်တက် တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးနည်းပါးနေတယ်ဆိုပေမဲ့ ဆိုးလ်ရှားနဲ့ ယူနိုက်တက်တို့ အဝေးကွင်းမှာ ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ။

ဒေါမွန် နဲ့ စပါး(ပကျော့ ၀-၃)

ပကျော့် ရလဒ်က ပြတ်ပြတ်သားသားနဲ့ အနိုင်ရရှိခဲ့တဲ့ စပါးအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်း သာနေတယ်ဆိုပေမဲ့ ဂျာမန်မှာ သွားကစားရမဲ့ လမ်းက ပန်းခင်းလမ်းမဟုတ်ပါဘူး။ ပိုချက်တီနိုရဲ့ စပါးဟာ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်နေသလို မြောက်လန်ဒန်ဒါဘီပွဲမှာလည်း အာဆင်နယ် ပင်နယ်တီ လွဲခဲ့သလို ပွဲဆက် အရှုံးနဲ့ လွဲခဲ့တာပါ။

စပါးအသင်းရဲ့ ခြေစွမ်းဟာ ဟာရီကိန်း ပြန်လာပြီးမှာ အကျဖက်ကို ရောက်နေတာပါ။ တစ်ဖက်က ဒေါ့မန်ကလည်း ဘွန်ဒက်စ်လီဂါ ဇယားထိပ်မှာ ရှိနေပေမယ့် ရလဒ်တွေ ဆိုးနေပြီး ခြေမငြိမ်ဘဲ ဖြစ်နေပါတယ်။

ရီးရဲလ်မက်ထရစ် နဲ့ အေဂျက်စ် ( ပကျော့၂-၁)

ပထမ အကျော့တုန်းက အဝေးကွင်းတွေမှာ ရလဒ်ကောင်းခဲ့တဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ကတော့ နောက်တစ်ဆင့် ကို တက်ရောက်ဖို့အတွက် သေချာသလောက်သလောက်ရှိပါတယ်။ လာလီဂါမှာရလဒ်တွေ ဆိုးခဲ့တယ်ဆိုပေမဲ့ ချန်ပီယံလိဂ်မှာဆိုတော့ ခြေစွမ်းမှန်ကို ပြတတ်တဲ့ ရီးရဲလ်အသင်းက အေဂျက်စ်ကို အိမ်ကွင်းမှာ အနိုင်ယူသွားမှာပါ။

ပေါ်တို နဲ့ ရိုးမား ( ပကျော့ ၁-၂ )

ပထမအကျော့တုန်းက ရိုးမားနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်း သိပ်မကွာခဲ့ပါဘူး။ လက်ရှိ ရိုးမားရဲ့ ခြေစွမ်းကလည်း ပုံမှန် အောက် ရောက်နေသလို ရောမ ဒါဘီပွဲမှာလည်း မြို့ခံ ပြိုင်ဖက် လာဇီယိုကို ဂိုးပြတ် ရှုံးထားပါတယ်။ ချန်ပီယံလိဂ် ရိုးမား ခြေစွမ်းပိုင်း မဆိုးလှပေမယ့် ပေါ်တူဂီ မြေမှာတော့ ရလဒ်ကောင်းဖို့ ခက်ခဲပါတယ်။ ဂိုးသွင်းနိုင်တဲ့ ရိုးမားတိုက်စစ် ကြောင့် ဘယ်အသင်း နောက်တစ်ဆင့်တက်မလဲ ခက်ခဲတဲ့ပွဲပါ။


05 Mar 2019     1,501 Views




RELATED

Most Popular of Football

Most Popular of Sport