BEC-TERO TV

အပြိုင်အဆိုင်တွေ ဖြစ်လာတဲ့ ဥရောပ ရွှေဖိနပ်ဆု

04 Mar 2019     1,404 Views


ဥရောပလိဂ် အသီးသီးမှ ပြိုင်ပွဲများလည်း ပြီးဆုံးဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ ပြိုင်ပွဲရာသီ တစ်ခုပြီးတိုင်း ကမ္ဘ့ ဘောလုံး အဖွဲ့ ချုပ် ဖီဖာမှ ဥရောပဂိုးသွင်းအများဆုံး ကစားသမားဆု ကိုချီးမြင့်ပါတယ်။ ဒီနှုစ်ရာသီမှာ လိဂ် အသီးသီးမှ ကစားသမားကောင်းတွေလည်း ပေါ်ထွက်လာတာကြောင့် ရာသီကုန်မှာ ဘယ်သူက ဥရောဂဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပြီးခဲ့တဲ့ ရာသီကတော့ ဘာစီလိုနာ ကစားသမာ လီယွန်နယ် မက်စီက ပြိုင်ဖက် ရော်နယ်ဒို ကိုကျော်လွန်ပြီး သွင်းဂိုး ၃၄ ဂိုးနဲ့ ဥရောပရွှေဖိနပ် ဆိုကို ရရှိခဲ့တာဖြစ်ပါတယ်။ယခုအချိန်အထိလည်း အခြေအနေမှာ မက်စီကပဲ ၂၅ ဂိုးနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

နံပါတ် ၂ နေရာမှ ပီအက်စ်ဂျီ ကစားသမားလေး မက်ပီက ၂၄ ဂိုးနဲ နောက်ကလိုက်နေခဲ့တာဖြစ်ပါတယ်။ ပြင်သစ် နဲ့အတူ ကမ္ဘာ့ ဖလား ရရှိထားတဲ့ မက်ပီဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးတွေ အများကြီးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နံပါတ် ၃ နေရာကတော့ ရီးရဲလ်ကနေ ဂျူဗင်တပ်စ် သို့ပြောင်းရွှေ့ သွားခဲ့တာ ရော်နယ်ဒိုပါ။ ရော်နယ်ဒိုဟာ အီတလီမြေ သို့ ပထမဆုံး ခြေချတဲ့ ရာသီမှာတင် ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

နံပါတ် ၄ နေရာမှာတော့ ရော်နယ်ဒိုနဲ့အတူ အပြိုင်ဂိုးတွေသွင်းယူထားတဲ့ ဆန်ဒိုးရီးယား ကစားသမား ကွာဂလီရယ်လာ ပဲဖြစ်ပါတယ်။ ကွာဂလီရယ်လာဟာ သွင်းဂိုးပေါင်း ၁၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

နံပါတ် ၅ မှာတော့ အဂွဲရိုနဲ့ ပီယာတက်စ်တို့ က ၁၈ ဂိုးစီနဲ့ တန်းစီနေပါတယ်။

 


04 Mar 2019     1,404 Views




RELATED

Most Popular of Football

Most Popular of Sport