BEC-TERO TV

ကလေးမွေးပြီး အွန်လိုင်းမှာ ပြန်ရောင်းစားတဲ့ အမျိုးသမီးများ ဖမ်းဆီးခံရ

04 Mar 2019     1,421 Views


မွေးဖွားပြီးကာစ ကလေးငယ်လေးကို အွန်လိုင်းမှ တစ်ဆင့် ကလေးလိုချင်နေသူ စုံတွဲနဲ့ ချိပ်ဆက်ကာ ရောင်းစားခဲ့သည့် အမျိုးသမီးတစ်ဦးနဲ့ လက်ခံဝယ်ယူသူ အမျိုးသမီးတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုလိုက်သည်။
 
Irina Volkova
 
ရုရှားနိုင်ငံက ကားရေဆေးလုပ်ငန်းမှ မန်နေဂျာဖြစ်သူ Irina Volkova ဟာ သားသမီး နှစ်ဦးရှိပြီး နောက်ဆုံးရလာတဲ့ ကိုယ်ဝန်မှ မွေးဖွားလာမယ့် တတိယမြောက်ကလေးကို မလိုချင်တော့တဲ့အတွက် အွန်လိုင်းကနေတစ်ဆင့် ပြန်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်အဖွဲ့က အခိုင်အမာပြောဆိုလိုက်သည်။
 
Irina Volkova
 
သူမဟာ အသက် ၂၃ နှစ်အရွယ် ကလေးမရနိုင်တော့သည့် Anna ဆိုသူအမျိုးသမီးအား အွန်လိုင်းမှ တစ်ဆင့်ချိပ်ဆက်ကာ ကလေးရောင်းစားခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ သူတို့နှစ်ဦးဟာ ကိုယ်ဝန်ဆောင်စဉ်ထဲက ချိပ်ဆက်မိခဲ့ကြပြီး အရောင်းအဝယ် ကြိုတင်လုပ်ထားကြခြင်းဖြစ်သည်။ 
 
အမျိုးသမီးနှစ်ဦးစလုံးဟာ ကလေးကို တရားဝင်ဖြစ်အောင်လွှဲပြောင်းနိုင်ဖို့အတွက် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်အတုတွေနဲ့ ကျန်းမာရေးဌါနကို လှည့်စားခဲ့ကြောင်း သံသယဖြစ်ခံခဲ့ကြရသည်။
 
Irina Volkova ဟာ ကိုယ်ဝန်ကြီးနဲ့ Anna နေထိုင်ရာ စိန့်ပီတာစဘတ်မြို့ကို ရောက်လာပြီး Anna ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဆေးရုံမှာ မှတ်ပုံတင်ပြီး ကလေးမွေးခဲ့ပါတယ်။ ဆရာဝန်တွေက နိုင်ငံကူးလက်မှတ်ထဲက ဓါတ်ပုံနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ရုပ်ချင်းကွဲလွဲနေတာကို သတိထားမိခဲ့ကြပါတယ်။
 
စိန့်ပီတာစဘတ်ဆေးရုံ
 
ကလေးမွေးပြီးနောက်ရက်မှာ ကလေးကိုမခေါ်ပဲ ဆေးရုံပေါ်ကနေဆင်းသွားပြီး နိုင်ငံကူးလက်မှတ်ကို ပိုင်ရှင်ဖြစ်တဲ့ Anna ကို ပြန်ပေးခဲ့ပါတယ်။ Anna က ဆေးရုံမှာ သူမရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ကလေးကို သွားခေါ်တဲ့အချိန်မှာ သက်ဆိုင်ရာက ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။
 
အမျိုးသမီးနှစ်ဦးစလုံးကို တရားမဝင်ကုန်သွယ်မှု ဥပဒေနဲ့ တရားစွဲဆိုထားပြီး ထောင်ဒဏ် ၁၀ နှစ်နဲ့အထက် ကျခံဖွယ်ရာရှိကြောင်း စိန့်ပီတာစဘတ် အစိုးရရှေ့နေရုံးမှ ပြောကြားခဲ့ပါတယ်။

 


04 Mar 2019     1,421 Views




RELATED

Most Popular of Special or Others

Most Popular of NEWS