BEC-TERO TV

အမှတ်ပေးဇယား အပြောင်းအလဲတွေနဲ့အတူ စိတ်ဝင်စားမှုကောင်းလာတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်

04 Mar 2019     1,492 Views


ပြီးခဲ့တဲ့ အပါတ်မှာတော ရလဒ် အပြောင်းအလဲတွေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရေပန်းစားနေခဲ့တဲ့ မန်စီးတီးအသင်းက အမှတ်ပေးဇယား အဆင့် ၁ နေရာကို ရယူနိုင်ခဲ့ပြီး ချန်ပီယံဝင်ခွင့် နေရာအတွက် ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီး အကြိတ်အနယ် ရှိလာခဲ့ပြီးဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် အဓိကထားပြိုင်ဆိုင်နေကြတဲ့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံး ရမှတ် ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်က မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို ၀-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို ၀-၀ ဖြင့် ဂိုးမရှိသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွဲပြောင်းပေးခဲ့ရပါတယ်။

 

အရင်က ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ စပါးအသင်းကလည်း သုံးပွဲဆက် အနိုင်မရမှုနဲ့ ချန်ပီယံဝင့်ခွင့် တစ်နေရာအတွက် အားစိုက်ရမဲ့အထဲ့မှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအသင်းဟာ အဆင့် ၄ မှ မန်ယူအသင်းနှင့် ၃ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် အားပြိုင်နေကြတဲ့ မန်ယူ ၊ အာဆင်နယ် ၊ ချလ်ဆီး အသင်းတို့ဟာ တစ်မှတ်စီသာ ကွာဟခဲ့တာကြောင့် ပိုမို စိတ်ဝင်စားစရာကောင်းနေခဲ့တာဖြစ်ပါတယ်။ ချလ်ဆီးအသင်းကတော့ တစ်ပွဲလျှော့ အဆင့် ၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြီးဆုံးဖို့ ၉ ပွဲခန့်သာ လိုတော့တဲ့အချိန်မှာ ဘယ်သူကို ဘယ်သူမှအမှားခံလိုမဖြစ်တဲ့ အခြေတစ်ခုကို ရောက်ရှိနေတာဖြစ်ပါတယ်။နောက်အပါတ်မှာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ် တို့ ထိပ်တိုက်တွေ့ ဆုံ တဲ့ ပွဲစဉ်ရှိနေပြီး ချလ်ဆီးအသင်းကတော့ ဝုလ်ဗာဟန်တန် အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 


04 Mar 2019     1,492 Views




RELATED

Most Popular of Football

Most Popular of Sport