ဂျပန်အသင်းကိုတောင် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း
04 Mar 2019 1,443 Views
မြန်မာအမျိုးသမီး ယူ၁၉ (၅-၂ ) ဂျပန်အိုကီနာဝါ ယူ၁၉ (ပွဲပြီးရလဒ်)
Japan-Asean U-19 Women's Football Tournament ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးအသင်းသည် အုပ်စုတတိယပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၃၀မိနစ်က ဂျပန်အိုကီနာဝါ အမျိုးသမီး ယူ၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် (၅-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန် ၁မိနစ်တွင် သဇင်အောင်၊ ပွဲချိန် ၈မိနစ်နှင့် ၁၁မိနစ်တို့တွင် စန်းသော်သော် မှလည်းကောင်း၊ ပွဲချိန်မိနစ်၅၀တွင် မေဖူးကို၊ ပွဲချိန် ၅၄မိနစ်တွင် လင်းမြင့်မိုရ် တို့မှအသီးသီး သွင်းယူပေးခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ၁၉အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းနှင့် ဂျပန်အသင်းတို့ကို သရေကစားထားပြီး ရမှတ် ၂မှတ်ရရှိထားပြီး ယနေ့ပွဲစဉ်တွင် အနိုင်ရခဲ့သည့်အတွက် ရမှတ် ၅မှတ်ရရှိထားပြီဖြစ်ပါတယ်။
မြန်မာယူ၁၉ အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ထိုင်းယူ၁၉အမျိုးသမီး အသင်းနှင့် မတ်လ ၅ရက်နေ့ မြန်မာစံတော်ချိန် ၈နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
Ref ; Myanmar Football Federation