Running Man အဖွဲ့ဝင်တို့ရဲ့ မေ့မရနိုင်တဲ့ငယ်ဘဝပုံရိပ်များ
04 Mar 2019 1,573 Views
Channel 7 ရုပ်သံလိုင်းမှ အပတ်စဉ်ထုတ်လွှင့်ပြသနေတဲ့ Running Man အစီအစဉ်ကို ကြိုက်နှစ်သက်တဲ့ မြန်မာနိုင်ငံက ပရိတ်သတ်တွေ အများအပြားပါပဲ။
Running Man ဟာ ယခင်က ယူဂျယ်ဆော့၊ ဂျီဆော့ဂျင်၊ ဂေရီ၊ ဟားဟား၊ ကင်ဂျုံကွတ်၊ ဆောင်ဂျီဟို၊လီကွမ်ဆူ၊ Lizzy ၊ ဆောင်ဂျွန်ကီတို့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Lizzy နဲ့ဆောင်ဂျွန်ကီဟာ ဇာတ်လမ်းတွဲရိုက်ကူးရေးများနဲ့အဆင်မပြေတာကြောင့် Running Man အဖွဲ့မှ အစောဆုံးနှုတ်ထွက်သွားခဲ့ပါတယ်။
၂၀၁၇ မှာ သရုပ်ဆောင် ဂျွန်ဆိုမင်းနဲ့ ယန်ဆယ်ချန်းတို့ကို အဖွဲ့ဝင်အသစ်နေနဲ့ ထည့်သွင်းခဲ့ပါတယ်။ Running Man ပရိတ်သတ်အများစုက ယူဂျယ်ဆော့၊ ဂျီဆော့ဂျင်၊ ဂေရီ၊ ဟားဟား၊ ကင်ဂျုံကွတ်၊ ဆောင်ဂျီဟို၊ လီကွမ်ဆူ တို့ ၇ ယောက်ပါဝင်တဲ့ အချိန်တုန်းက တစ်ခဲနက်အားပေးခဲ့ကြပြီး အသစ် ၂ ယောက်ထည့်လိုက်တဲ့အခါမှာတော့ ကြည့်ရှုသူအနည်းငယ်ကျဆင်းခဲ့ပါတယ်။
ပရိတ်သတ်ရဲ့ ရင်ထဲမှာ အဖွဲ့ဝင် ၇ ယောက်ပဲရှိပြီး သူတို့ ၇ ယောက်ရဲ့ မမေ့နိုင်တဲ့ ငယ်ဘဝပုံရိပ်တွေကို ပရိတ်သတ်တွေက ဘယ်လိုဝေမျှထားသလဲဆိုတာ လိုက်ပါစီးမျော ကြည့်လိုက်ကြရအောင်။
ယူဂျယ်ဆော့
ဂျီဆော့ဂျင်
ကင်ဂျုံကွတ်
ဟားဟား
ဂေရီ
ဆောင်ဂျီဟို
လီကွမ်ဆူ
(ပိုပိုလေး)