BEC-TERO TV

Blind Audition ညမှာ အကြီးအကျယ် ပေါက်ကွဲသွားတဲ့ အာဇာနည်

04 Mar 2019     1,643 Views


မနေ့ည(တနင်္ဂနွေ) က ထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar Season 2 ရဲ့ Blind Audition ဒုတိယနေ့မှာ နည်းပြတစ်ဦးဖြစ်တဲ့ အာဇာနည် ဟာ ပြိုင်ပွဲဝင် တစ်ဦးရဲ့ စကားကြောင့် ရုတ်တရက် ပေါက်ကွဲခဲ့ပါတယ်။
 
 
“Perfect” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားတဲ့ ပြိုင်ပွဲဝင် “Nicholas Pasangma” ရဲ့ အလှည့်မှာ ‘နီနီခင်ဇော်’ နဲ့ ‘အာဇာနည်’ ရှေ့ဆင့်နောက်ဆင့်ဆိုသလို စက်ခလုပ်နှိပ်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ သီချင်းအဆုံးမှာတော့ “Nicholas Pasangma” က နည်းပြကို ရွေးချယ်ဖို့ အခက်တွေ့ခဲ့ပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ ‘နီနီခင်ဇော်’ ကို ရွေးချယ်သွားခဲ့ပါတယ်။
 
အပီအပြင် သီဆိုပြသွားတဲ့ “Nicholas Pasangma” ကို သူတို့နှစ်ယောက်စလုံး ရချင်လွန်းလို့ အလုအယက်ခေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်အနေနဲ့ ပုံမှန်အတိုင်း ‘မနီနီ’ ကိုရွေးပါတယ်လို့ ပြောရင် ကိစ္စမရှိပေမယ့် “Rock မရတဲ့အတွက်ကြောင့် မနီနီကို ရွေးလိုက်ပါတယ်” ဆိုတဲ့ ဒိုင်ယာလော့ခ်က ‘အာဇာနည်’ ကို ဟာ့တ်ထိသွားပြီး ရုတ်တရက် အကြီးအကျယ် စိတ်ပျက်သွားစေပါတယ်။
 
 
မျက်နှာကြီးရှုံ့မဲ့ပြီး “Rock ရစရာမှ မလိုတာ” လို့ ချက်ချင်းတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အဲဒီနောက် စတိတ်စင်ရှေ့ထွက်ပြီး တောက်လျှောက် ရှင်းပြနေပါတော့တယ်။
 
 
သူ့ရဲ့ အဖြစ်ကို ‘နီနီခင်ဇော်’ နဲ့ ‘ရန်ရန်ချမ်း’ တို့က နောက်ကနေ နောက်ပြောင်ပြနေတာက ပရိသတ်တွေအားလုံး ပွဲကျသွားစေပါတယ်။ ဘာပဲဖြစ်ဖြစ် Rocker ကြီး အာဇာနည်တော့ ဒီတစ်ခေါက် စပ်ဖျဉ်းဖျဉ်းဖြစ်သွားမှာ သေချာပါတယ်။
 

04 Mar 2019     1,643 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS