BEC-TERO TV

စိတ်ပိုင်းဆိုင်ရာဆေးကုသမှုခံယူပြီးပထမဦးဆုံး ထွက်ရှိလာတဲ့ Selena Gomez ရဲ့သီချင်းအသစ်

01 Mar 2019     1,303 Views


အမေရိကန်ပေါ့ပ်အဆိုတော် Selena Gomez ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်အလယ်ပိုင်းလောက်ကတည်းက ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Justin Bieber ဟာ Victioria’s Secret Model တစ်ဦးဖြစ်တဲ့ Hailey Baldwin နဲ့စေ့စပ်ကြောင်းလမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဦးသဘောတူလက်ထပ်ထားပြီးပါပြီ။ Selena တစ်ယောက် Justin နဲ့ Hailey တို့ စေ့စပ်တဲ့သတင်းကြားပြီးကတည်းက ရှော့ခ်ရကာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

Selena ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်သွားပြီး အချိန်တော်တော်ကြာ ဆေးကုသမှုခံယူနေရတာကြောင့် ဒီကြားထဲသီချင်းအသစ်တွေမထွက်နိုင်ခဲ့ပါဘူး။ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေနဲ့လဲ အဆက်ဖြတ်ထားခဲ့ပြီး သူမရဲ့ လူမှုကွန်ယက် အကောင့် တွေကို မန်နေဂျာအားသုံးစေခဲ့ပါတယ်။

Selena တစ်ယောက် ဆိုရှယ်မီဒီယာနဲ့ အဆက်ဖြတ်ထားပြီး အရင်ကထက် မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်ကုန်နေတာဖြစ်ကြောင်း သူမရဲ့ instgram မှာတင်ပေးလေ့ရှိပါတယ်။

Selena ဟာ စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုစတင်ခံယူနေကတည်းက ဆိုရှယ်မီဒီယာမှာရော၊ ပြင်ပမှာပါ သိုသိုသိပ်သိပ် ဖြစ်လာပါတယ်။ ပရိတ်သတ်အများက Selena အနေအထိုင်သိုသိပ်လွန်းလှတာကြောင့် သီချင်းတွေဆက်မဆိုတော့ဘူးလား လို့အထင်မှားရတဲ့အထိပါပဲ။ တကယ်တော့ Selena ကပရိတ်သတ်အတွက် သီချင်းတွေ တိတ်တဆိတ်လုပ်နေခဲ့တာပါ။ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်မှာ အသစ်ထွက်ရှိလာတဲ့ သီချင်းအသစ်ကို Selena က instagram ကနေတစ်ဆင့် ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။

သီချင်းနာမည်ကတော့ ‘I can’t get enough’ ဖြစ်ပြီး benny blanco, Tainy , J Balvin တို့နဲ့ အတူတွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ သီချင်းလေးက Summer Vibe ကို ဖော်ကျူးထားတဲ့ခပ်မြူးမြူးပုံစံလေးပါ။ ခံစားနားဆင်ကြည့်လိုက်ကြပါဦး။

(ပိုပိုလေး)

 


01 Mar 2019     1,303 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS