BEC-TERO TV

ထရမ့်နဲ့ ကင်ဂျုံအန် ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲ ညှိနှိုင်းမှုများ ပြေလည်မှုမရသေး

28 Feb 2019     1,351 Views


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှု ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့တာ နှစ်ရက်ကြာပြီဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာ စေ့စပ်ညှိနှိုင်းမှုများ အောင်မြင်မှု မရှိသေးကြောင်း သိရှိရသည်။
 
 
မြောက်ကိုရီးယားအနေနဲ့ အမေရိကန်က ပြုံယမ်း အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပြစ်ဒဏ်ခတ်မှု အားလုံးကို ဖြေလျော့စေလိုပြီး အိမ်ဖြူတော်အနေနဲ့တော့ မလိုက်လျောနိုင်ဘူးလို့ သမ္မတထရမ့် က ဆိုပါတယ်။
ထရမ့်ဟာ သတင်းစာရှင်းလင်းပွဲကို ကင်ဂျုံအန်မပါပဲ တစ်ဦးတည်း ရောက်လာခဲ့ပြီး သူတို့စကားတွေအများကြီး ပြောဖြစ်ခဲ့ကြောင်း၊ ခင်ခင်မင်မင်နဲ့ အကျိုးရှိကြောင်း ဒါပေမယ့် သူ့အနေနဲ့ ဒီနေရာမှာ အားလုံးကို သဘောတူလက်မှတ်ထိုးပေးဖို့တော့ အဆင်မပြေသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
 
ကင်မ်ဂျုံအန်အနေနဲ့ နျူကလီယား စမ်းသပ်မှုတွေ၊ ပြန်လည်အကောင်အထည်ဖော်တာတွေ မလုပ်တော့ဘူးလို့ ကတိပြုသွားကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သတင်းအရ ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် အစီစဉ်များနဲ့ စီးပွားရေးကိစ္စများ ဆွေးနွေးခဲ့ကြပြီး နောက်ထပ် တွေ့ဆုံဆွေးနွေးမှုများ အနာဂတ်မှာ ဆက်ရှိဦးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
 
မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီယားတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အခုဆိုရင် ဒုတိယအကြိမ်ရှိပြီဖြစ်ပါတယ်။ ပထမအကြိမ်က စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အပြန်အလှန်ဖလှယ်မှု တစ်စုံတရာမရှိပဲ အဆုံးသတ်ခဲ့ပါတယ်။
 
အခုဒုတိယအကြိမ် ဗီယက်နမ် တွေ့ဆုံမှုမှာတော့ ခေါင်းဆောင်နှစ်ဦးစလုံးဟာ သဘောတူလက်မှတ်ရေးထိုးနိုင်မလား ဒါမှမဟုတ် ဒီအတိုင်းပဲ ပြန်လှည့်သွားကြဦးမလားဆိုတာ မသိနိုင်သေးပါဘူး။
ဆွေးနွေးပွဲအပြီးမှာတော့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ‘ဆယ်ရာစန်ဒါးစ်’ က “အခုချိန်ထိတော့ နှစ်ဦးနှစ်ဘက် သေဘာတူညီကြတဲ့ အဆင့်ကို မရောက်သေးပါဘူး၊ ဒါပေမယ့် အနာဂါတ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
 
ကင်မ်ဂျုံအန် နဲ့ သတင်းထောက်တွေကို  “ကျွန်တော့်အနေနဲ့ နျူးကလီယားစွန့်လွှတ်ဖို့ အစီစဉ်မရှိဘူးဆိုရင် ဒီကိုတောင်လာစရာမလိုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဒါကို ဒေါ်နယ်ထရမ့် က သတင်းထောက်တွေကို “မင်းတို့ကြားဖူးသမျှထဲမှာ ဒါဟာအကောင်းဆုံးအဖြေ ဖြစ်မှာပါ” လို့ ဝင်ရောက်ဖြည့်စွက်ပေးသွားခဲ့ပါတယ်။

28 Feb 2019     1,351 Views




RELATED

Most Popular of International News

Most Popular of NEWS