BEC-TERO TV

တစ်နေ့ကို အာလ်မွန်း (၄)စေ့စားခြင်းအားဖြင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ

28 Feb 2019     1,305 Views


တစ်ရက်ကို အာလ်မွန်း (၄)စေ့စားရုံလောက်နဲ့ ကျန်းမာရေးရလဒ်ကောင်းတွေရလာမယ်ဆိုတော့ မယုံနိုင်စရာတွေဖြစ်နေတယ်မဟုတ်လား? အံ့အားသင့်မိမယ်ဆိုလဲ သင့်ချင်စရာပါပဲ။ အာလ်မွန်းစေ့တစ်စေ့မှာ ပရိုတင်း (၆) ဂရမ်၊ အမျှင်ဓာတ် (၃ ဒဿမ ၅) ဂရမ်၊ ခိုင်မြဲပြည့်ဝစေတဲ့ အဆီဓာတ် (၉) ဂရမ် အစရှိတဲ့ အာဟာရဓာတ်တွေ အပြည့်အဝပါရှိနေပါတယ်။ ဒါတွေသာမက အာလ်မွန်းမှာ ဗီတာမင် E နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါ ကြွယ်လွန်းတာကြောင့် နေ့စဉ်မှီဝဲစားသုံးသင့်တဲ့ အစားအစာတစ်ခုဆိုလဲမမှားပါဘူး။

ဒါကြောင့် မိတ်ဆွေတို့အတွက် အာလ်မွန်း (၄) စေ့နေ့စဉ်စားခြင်းမှ ရရှိလာနိုင်စေမယ့် အကျိုးကျေးဇူးလေးတွေကိုဝေမျှပေးလိုက်ပါတယ်။

၁။ ကိုလက်စထရော level လျော့ချစေနိုင်ခြင်း

ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ်များတာဟာ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးခဲပိတ်တာတွေဖြစ်တတ်တာကြောင့် ရုတ်တရက် ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ လှုပ်ရှားလို့မရတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သွေးလွှတ်ကြောနဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေဖြစ်ပြီး ကိုလက်စထရော level လျော့ကျသွားရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုလက်စထရောကို လျော့ချပေးနိုင်မယ့် အာလ်မွန်းစေ့ကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

၂။ ပိုမို နက်မှောင်သန်စွမ်းတဲ့ဆံသားကို ပိုင်ဆိုင်လာနိုင်ခြင်း

အာလ်မွန်းဟာ ဗီတာမင် E ကြွယ်ဝတဲ့အတွက် ဆံပင်ဆံသားတွေကို ဆံလုံးကြီးပြီး သန်မာစေကာ နက်မှောင်လှပတဲ့ ဆံသားအရောင်ကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ နှလုံးရောဂါ မဖြစ်ပွားအောင်ကာကွယ်တားဆီးပေးခြင်း

အာလ်မွန်းမှာပါဝင်တဲ့ ဗီတာမင် E, အမျှင်ဓာတ်နဲ့ Omega-3 တို့က သင့်ကို နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးပေးပါလိမ့်မယ်။

၎။ အရေပြားတွန့်ခြင်းမှ ကာကွယ်တားဆီးပေးခြင်း

အာလ်မွန်းအစေ့လေးတွေမှာ မဂနိစ်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါသေးတယ်။ မဂနိစ်ကတော့ ကော်လဂျင်ထုတ်ပေးရာမှာ အကူအညီပေးတဲ့ပရိုတင်းဓာတ်တစ်မျိုးပါ။ အဆိုပါ မဂနိစ်နဲ့ ဗီတာမင် E တို့ပေါင်းစပ်ပါဝင်မှုကြောင့် အာလ်မွန်းကိုစားသုံးခြင်းဟာ အရေပြားတွန့်ခြင်း၊ ကြုံ့ခြင်းတို့ကို မဖြစ်ပေါ်အောင် ကာကွယ်တားဆီးပေးပါလိမ့်မယ်။

၅။ အစာချေစနစ် ပိုမိုအားကောင်းလာစေခြင်း

အာလ်မွန်းမှာပါဝင်တဲ့ ဗီတာမင် K ကအစာအိမ်အူလမ်းကြောင်းကို အမြန်ဆုံးရှင်းလင်းပေးပြီး အစာချေဖြတ်တဲ့စနစ်ကို ပိုမိုအားကောင်းလာစေပါတယ်။

၆။ ကိုယ်အလေးချိန် လျော့ချစေနိုင်ဖို့အထောက်အကူပြုခြင်း

အာလ်မွန်းစေ့တစ်စေ့မှာ အဆီဓာတ်တွေ ကယ်လိုရီတွေအများအပြားပါဝင်ပေမယ့် ဝိတ်ကျစေနိုင်ဖို့ အထောက်အကူပြုပါတယ်။ အစာစားချိန် တစ်ချိန်နဲ့တစ်ချိန်ခြားတဲ့ ကြားကာလတွေမှာ တခြား အဆီတက်စေတဲ့ snacks တွေစားမယ့်အစား အာလ်မွန်း စားခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အာဟာရဓာတ်တွေကိုရရှိစေမှာဖြစ်ပါတယ်။

၇။ ဦးနှောက်မှတ်ဥာဏ်စွမ်းအား ပိုမိုမြင့်မားလာခြင်း

ပုံမှန်အားဖြင့် အစေ့အဆန်တွေစားသုံးပေးခြင်းဟာ ဦးနှောက်ကို မှတ်ဥာဏ်အားကောင်းလာစေဖို့ အထောက်အကူပြုလေ့ရှိပါတယ်။ အာလ်မွန်းစေ့မှာ ဗီတာမင် E ကြွယ်ဝလွန်းတာကြောင့် ဦးနှောက်မှတ်ဥာဏ်ထဲမှာရှိတဲ့အကြောင်းအရာတွေကို အလွယ်တကူ မေ့လျော့မသွားအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဦးနှောက်အတွင်းရှိ မှတ်ဥာဏ်ဆဲလ်တွေကို အမြဲနိုးကြားနေအောင် ပြုလုပ်ပေးနိုင်တာကြောင့် စိတ်ကိုလဲကြည်လင်စေမှာဖြစ်ပါတယ်။

(ပိုပိုလေး)


28 Feb 2019     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS