အကောင့်အတုမှာရေးထားတဲ့ စာသားတစ်ခုကြောင့် ဒေါသပုန်ထနေတဲ့ ခြိမ့်ကေကို
28 Feb 2019 1,533 Views
ပရိသတ်ကြီးရေ.. မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန် ဌက်ပျောသီးကျွေးလိုက်ရာကနေ ဘနားနားရယ်လို့ဖြစ်လာတဲ့ ခြိမ့်ကေကိုကတော့ ယခုဆိုရင် အောင်မြင်ကျော်ကြားလူသိများတဲ့ အဆိုရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၀ါသနာပါရာအနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်နေတဲ့ ဘနားနားကတော့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါ အားသာသူဖြစ်တာကြောင့် ဇတ်လမ်းတွဲတွေရိုက်ကာ သရုပ်ဆောင်အဖြစ်ပါလုပ်ကိုင်နေတာပါ။ အမျိုးမျိုးသောဝေဖန်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရပေမယ့်လည်း မလျှော့သောဇွဲ့နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာမို့ ခြိမ့်ကေကိုကို အားပေးကြသူပရိသတ်တွေကလည်း ပိုမိုများပြားလာတာဖြစ်ပါတယ်။
သီချင်းအသစ်တွေဖန်တီးရင်း ဖိတ်ကြားထားတဲ့ရှိုးပွဲတွေမှာပါ သွားရောက်ဖျော်ဖြေနေရတဲ့ ခြိမ့်ကေကိုဟာဆိုရင် မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Music City ပွဲမှာပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ခြိမ့်ကေကိုကတော့ ကိုယ်စောင့်နတ် သီချင်းကို Mood အပြည့်နဲ့သီဆိုဖျော်ဖြေခဲ့ကာ ကောင်မလေးတွေရဲ့ ဆုချခြင်းကိုပါ ခံခဲ့ရပါတယ်။ သူ့ကိုဆုလာချတဲ့ မိန်းကလေးနဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်ကိုတော့ “ဒီကောင်လေးတစ်ယောက်တော့ မ နဲ့ကျမှ လိင်မာ တတ်ခဲ့ပြီ” ဆိုတဲ့စာသားရေးကာ ခြိမ့်ကေကိုရဲ့အကောင့်အတုလို့ယူဆရတဲ့ အကောင့်တစ်ခုကနေ ရေးတင်ထားခဲ့ပါတယ်။
ယခုလိုမျိုး မဟုတ်တရုတ်စာသားကိုရေးတင်ထားတဲ့ အကောင့်အတုကြောင့် ခြိမ့်ကေကိုတစ်ယောက် ဒေါသပုန်ထနေတာပဲဖြစ်ပါတယ်။ ခြိမ့်ကေကိုက သူ့အနေနဲ့ ဒီလိုမျိုးအရိုင်းဆန်တဲ့စာသားမျိုးကို ဘယ်တော့မှမရေးကြောင်းနဲ့ သူတင်ထားတာမဟုတ်ပဲ အကောင့်အတုကသာ တင်ထားတာဖြစ်ကြောင်းဖြေရှင်းထားတာဖြစ်ပါတယ်။ ခြိမ့်ကေကိုပြောထားတာကတော့ “မပြောသင့်ပါ အတုရေ…မသိရင်ငါဘဲ့ရေးသလိုလိုနဲ့ မလွယ်ပါလားဗျာ… မပြောဘဲ့နေရင်ပိုဆိုးတော့မယ် ရေးထားတာသာဖတ်ကြည့်ပါတောဗျာ…အဲလိုတော့မရေးသင့်ပါဘူးဗျာ တခါမှအဲ့လိုမရေးဖူးပါဘူးဗျာ” ဆိုပြီး ရေးသားလိုက်တာပဲဖြစ်ပါတယ်။
အနုပညာလမ်းကြောင်းထဲမှာ ကြိုးစားလျှောက်လှမ်းနေတဲ့ ခြိမ့်ကေကိုကတော့ Fashion King လို့နာမည်ကြီးနေတဲ့ အဆိုတော် ထန်ပါးနဲ့အတူ သီချင်းတွေပေါင်းစပ်ဖန်တီးနေတယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် မကြာခင်ရက်ပိုင်းကလည်း အဆိုတော် သားစစ်နဲ့နှစ်ယောက်သား တွေ့ဆုံမှုတွေကိုလုပ်ခဲ့သေးလို့ အားလုံးကစိတ်ဝင်တစား ဖြစ်လို့နေပါတယ်။ ခြိမ့်ကေကိုနဲ့ ထန်ပါးတို့ ပေါင်းစပ်ဖန်တီးနေတဲ့ သီချင်းလေးထွက်လာရင်လဲ အားပေးလိုက်ကြပါဦးနော်…