BEC-TERO TV

ရည်းစားဟောင်းကို ဓါးပြတိုက်ပြီး ချစ်သူနဲ့ လက်ထပ်ဖို့ ကြိုးစားတဲ့ အမျိုးသမီး

27 Feb 2019     1,723 Views


အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူနဲ့ လက်ထပ်ဖို့ ငွေကြေးအခက်အခဲဖြစ်နေတာကြောင့် ကြံရာမရတဲ့အဆုံး ရည်းစားဟောင်းကို လှည့်ဖျားချဉ်းကပ်ပြီး ဓါးပြတိုက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
 
 
တရုတ်နိုင်ငံ ဂွီကျိုးစီရင်စုမှ "ကျူ" အမည်ရှိတဲ့ အမျိုးသမီးဟာ လက်ရှိအလုပ်ကနေ အထုတ်ခံခဲ့ရတာကြောင့် ငွေကြေးပြတ်လပ်နေသလို သူမရဲ့ လက်ရှိရည်းစာကလည်း အလုပ်အကိုင်မရှိတာကြောင့် သူတို့နှစ်ဦးစလုံး ဒုက္ခရောက်နေကြပြီး အိမ်လခတောင် မပေးနိုင်လို့ အိမ်ရှင်က ဆင်းပေးဖို့ သတိပေးထားပါတယ်။
 
ဒီလိုအ​ြခေနေမျိုးမှာ သူမရဲ့ ရည်းစားဖြစ်သူက နင့်မှာပိုက်ဆံအလုံအလောက်ရှိရင် ငါတို့လက်ထပ်မယ်လို့ ပြောတဲ့အတွက် အချစ်စိတ်တက်နေတဲ့ သူမအတွက် ပိုက်ဆံက သေရေးရှင်ရေး လိုအပ်သွားပါတယ်။ (တော်တော် အားကိုးရတဲ့ ရည်စား၊ သူကတော့ ယောကျ်ားဖြစ်ပြီး ငွေမရှာဘူး)
 
သူမ ပိုက်ဆံဘယ်ကနေရမလဲဆိုတာ အမျိုမျိုးစဉ်းစားပြီး နောက်ဆုံးမှာ သူမထားရစ်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ရည်းစားဟောင်းကို သတိရသွားပါတယ်။ သူမက သူ့ကို သဘောမကျတော့တဲ့အတွက် တစ်ဖက်သတ်ပြန်စဲခဲ့ပြီး သိပ်မကြာခင်မှာ လက်ရှိရည်းစားနဲ့ ပက်သက်ခဲ့တာဖြစ်ပါတယ်။ သူ့အပေါ် ရည်းစားဟောင်းက ချစ်နေတုန်းပဲဆိုတာ သိတဲ့အတွက် သူမက စိတ်ပြောင်းသွောချင်ယောင်ဆောင်ပြီး ရည်းစားဟောင်းကို ချိန်းဆိုလိုက်ပါတယ်။
 
 
အဲဒီနောက် လူသူပြတ်တဲ့ တောင်ထိပ်တစ်နေရာကို လှည့်ဖြားပြီးခေါ်သွားပါတယ်။ အမျိုးသားကတော့ ချစ်သူဟောင်းကို ယုံကြည်ပြီး မိုးမမြင် လေမြင်ပျော်နေတာပေါ့။ တောင်ထိပ်ရောက်တဲ့အခါ ထူးထူးဆန်းဆန်းလေး လုပ်ရအောင်ဆိုပြီး အမျိုးသားကို သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တုပ်ပါတယ်။ 
 
အဲဒီနောက် အမျိုးသားရဲ့ အဝတ်အစားတွေ အားလုံးကိုချွတ်ပြီး ကိုယ်လုံးတီးဖြစ်သွားတော့မှ ပိုက်ဆံအိတ်၊ အဝတ်အစားနဲ့ လက်ကိုင်ဖုန်း အားလုံးကိုယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။
 
 
အဲဒီအချိန်ထိ အမျိုးသားက သူ့ကိုကျီစယ်နေတုန်းပဲလို့ မှတ်ပြီး ပြန်အလာကို စောင့်လိုက်တာ ၂ နာရီကျော်ကြာတဲ့အထိ ပြန်မလာတာကြောင့် သစ်ပင်မှာ ကြိုးချည်ထားရာကနေ ကြိုးစားရုန်းကန်ရင်း လွတ်မြောက်အောင် လုပ်ခဲ့ရပါတယ်။ အဲဒီနောက် ကံကောင်းထောက်မစွာနဲ့ လမ်းတစ်နေရာမှာ ကျကျန်ခဲ့တဲ့ အတွင်းခံဘောင်းဘီလေးကို ကောက်စွတ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
 
အမျိုးသမီးကို ရဲက ဖမ်းဆီရမိချိန်မှာတော့ ပိုက်ဆံတွေအားလုံး သုံးလို့ ကုန်သွားပြီဖြစ်ပါတယ်။ သူမကို ဓါးပြမှုနဲ့ ရုံးတင်တရားစွဲထားပြီး လတ်တလောမှာ အမှုကို စစ်ဆေးလျှက်ရှိပါတယ်။

 


27 Feb 2019     1,723 Views




RELATED

Most Popular of Special or Others

Most Popular of NEWS