BEC-TERO TV

ဓါတ်ကြိုးပြတ်ကျပြီး ကလေး လည်ပင်းတွင်ရစ်ပတ် မီးလောင် (ရုပ်သံ)

27 Feb 2019     1,589 Views


အသက် ၂ နှစ်အရွယ် ကလေးငယ်ဟာ မိခင်ဖြစ်သူနဲ့အတူ စျေးသွားဖို့ ရပ်ကွက်ထဲကနေ လမ်းလျှောက်ထွက်လာစဉ် ဓါတ်ကြိုးပြတ်ကျကာ ကလေးငယ်၏ လည်ပင်းတွင် ရစ်ပတ်မီးလောင်ခဲ့မှုတစ်ခု ပြီးခဲ့တဲ့ ကြာဿပတေးနေ့က ဖြစ်ပွားခဲ့သည်။
 
 
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်မှာ “Tristan” အမည်ရှိတဲ့ ကလေးလေးဟာ မိခင်နဲ့အတူ စျေးသွားစဉ် ဓါတ်တိုင်တွင်သွယ်တန်းထားသော ဓါတ်ကြိုးစတစ်စ လျှပ်စစ်ရှော့ခ်ဖြစ်ကာ ပြတ်ကျခဲ့ပြီးနောက် ကလေး၏ လည်ပင်းပေါ်ပြုတ်ကျကာ ရစ်ပတ်ခဲ့ပြီးမှ မီးလောင် ပေါက်ထွက်သွားကြောင်း မိခင်ဖြစ်သူမှ ပြန်ပြောပြခဲ့သည်။
 
 
အဖြစ်ပျက်မှာ မြန်ဆန်လွန်းပြီး မီးလောင်ဒဏ်ရာများကြောင့် ကလေးမှာ ကြောက်လွန်းလို့ တစ်ကိုယ်လုံး ဆတ်ဆတ်ပင်တုန်ခါနေခဲ့သည်။ မိခင်ဖြစ်သူက ငယ်သံပါအောင် အော်ဟစ်ကာ ပတ်ဝန်းကျင်ကို အကူညီတောင်းခဲ့ပေမယ့် ကူညီသူမရှိတဲ့အပြင် အမျိုးသားတစ်ဦးက ဓါတ်ကြိုးမှာ လျှပ်စစ်မရှိတော့ပါဘူး ဟု ပြောဆိုကာ ထွက်သွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
 
 
အခုလိုဖြစ်ရတာဟာ သူမအကူအညီတောင်းခဲ့တဲ့ အမျိုးသားနဲ့ အခြားတစ်ယောက်တို့က နေအိမ်ကို  လျှပ်စစ်မီးကြိုး ခိုးသွယ်ရာမှ ရှော့ခ်ဖြစ်ပြီး ကလေးပေါ် ဓါတ်ကြိုးပြတ်ကျ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်သည်။ 
 
ကလေးကို ဆေးရုံပို့ခဲ့ပြီးနောက် အဆိုပါအမျိုးသားအပါအဝင် ဖြစ်စဉ်နဲ့ ပက်သက်ပြီး တာဝန်ရှိသူတို့ကို တရားစွဲသွားမည်ဟု ပြောဆိုခဲ့သည်။ လတ်တလောမှာတော့ ကလေးငယ်၏ ဒဏ်ရာများသက်သာလာပြီဖြစ်သော်လည်း လည်ပင်းတစ်ဝိုက်တွင် သေရာပါ အမာရွတ်များ ထင်ကျန်နေခဲ့သည်။
 
 
လတ်တလောမှာတော့ ကလေးငယ်၏ ဒဏ်ရာများသက်သာလာပြီဖြစ်သော်လည်း လည်ပင်းတစ်ဝိုက်တွင် သေရာပါ အမာရွတ်များ ထင်ကျန်နေခဲ့ပါတယ်။

27 Feb 2019     1,589 Views




RELATED

Most Popular of Special or Others

Most Popular of NEWS