BEC-TERO TV

အယူခံဝင်ထားတဲ့ မိုးအောင်ရင်ရဲ့အမှုကို ခရိုင်တရားရုံးက ပယ်ချပစ်

27 Feb 2019     1,395 Views


မကြာမှီက မြန်မာ့အနုပညာလောကထဲမှာသာမက ပရိသတ်တွေကြားမှာပါ အရိုက်ခတ်ဆုံးဖြစ်ခဲ့တဲ့ သတင်းတစ်ခုကတော့ သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးအမှုနဲ့ ထောင် (၁၇) နှစ်ချလိုက်ခြင်းပဲဖြစ်ပါတယ်။ ထို့အတွက် ပရိသတ်ကြီးကလဲ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်ကြရသလို မိသားစုနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း ၀မ်းနည်းခြင်းများစွာဖြစ်ခဲ့ကြရပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့နဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ မိုးအောင်ရင်ဟာဆိုရင် ၂ နှစ်တာ တရားရင်ဆိုင်ပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှာတော့ ပုစွန်တောင်မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့နောက် ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ နောက်ထပ် ထောင်ဒဏ် (၁၂) နှစ်ကို ချမှတ်လိုက်တာကြောင့် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင် (၁၇) နှစ်ကျခံရမှာပဲဖြစ်ပါတယ်။

ယခုလိုများပြားလှတဲ့ ပြစ်ဒဏ်ကိုချမှတ်လိုက်တာကြောင့် မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူဦးအောင်ရင်လည်း သားဖြစ်သူအတွက် များစွာစိတ်ထိခိုက်ဖြစ်ခဲ့ရပါတယ်။ ဦးအောင်ရင်ကတော့ သားဖြစ်သူကို ပုစွန်တောင်တရားရုံးမှ အလုပ်ကြမ်းနဲ့ ထောင် (၅) နှစ် ချမှတ်လိုက်သည့်အမိန့်အပေါ် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က အယူခံဝင်ထားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ မိုးအောင်ရင်ရဲ့အယူခံကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပါတယ်။ ပုစွန်တောင်တရားရုံးကနေ ချမှတ်လိုက်တဲ့ ထောင်ဘ( ၅) နှစ်အမိန့်ကိုတော့ လက်ခံထားခဲ့ပြီး ထောင်ဒဏ် လျှော့ချခြင်း၊ မလျှော့ခြင်းကိုတော့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ ထောင် (၁၂) နှစ်အတွက်ကိုတော့ မတ်လမှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ အမိန့်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 


27 Feb 2019     1,395 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment