ကလေးတွေကို လက်လွတ်စပယ်မကျွေးသင့်တဲ့အစားအစာ (၇)မျိုး
26 Feb 2019 1,516 Views
မေမေတို့အတွက် အရေးကြီးဆုံးက သားသားမီးမီးလေးတွေပဲမဟုတ်လား။ ကိုယ့်သားသမီး နေမကောင်းဖြစ်ရင် ပူရတဲ့ အပူကဘာနဲ့မှမတူဘူးဆိုတာ မိဘတိုင်း ခံစားဖူးမှာပါနော်။ (၂) နှစ်၊ (၃) နှစ်အရွယ် ကလေးငယ်လေးတွေကျ စကားလဲမပြောတတ်သေး၊ ဝေဒနာခံစားနေရတာကိုလဲ မဖော်ပြတတ်တော့ မိဘတွေက ကလေးတွေရဲ့အလိုကို နားလည်နိုင်အောင်လုပ်ထားဖို့လိုပါတယ်။ ဒီမှာ ကလေးငယ်လေးတွေကို ဘယ်လိုအစားအစာတွေ လက်လွတ်စပယ် မကျွေးသင့်ဘူးဆိုတာ ပိုပိုလေးမှ ဝေမျှပေးလိုက်ပါတယ်။
၁။ အသီးဖျော်ရည်
၂။ Cereal
၃။ Hotdog အသားချောင်းတွေ
Hotdog ဆိုတာမျိုးက ကလေးတွေကိုလုံးဝမကျွေးသင့်တဲ့အရာပါ။ Hotdog ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသင့်စားအသားခြောက်များ အစရှိသည်တို့မှာ ဆားများစွာပါဝင်ပြီး တာရှည်ခံပစ္စည်းများထည့်ကာ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကလေးတွေကို ကျွေးဖို့ ဘယ်လိုမှမသင့်တော်ပါဘူး။ ဒီအစားအသောက်တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့အဆီတွေ များစွာပါဝင်ပါတယ်။
၄။ ဆီကြော်စာတွေ
ဆီကြော်စာလို့ပြောတာနဲ့ ကြက်ကြော်၊ အာလူးချောင်းကြော်၊ ဘူးသီးကြော်၊ ပဲကြော် တို့ အကုန်ပါ ပါတယ်။ ဆီကြော်ထဲမှာမှ သုံးပြီးသားဆီနဲ့ပြန်ကြော်တဲ့ နှစ်ပြန်ကြော်တွေက ပိုဆိုးပါတယ်။ ဒါ့အပြင် ဒီလိုဆီကြော်စာကို အရောင်ဆိုးဆေးပါတဲ့ ဆော့စ် တွေနဲ့တို့စားကြပါတယ်။ အရောင်ဆိုးပြီးသား ဆော့စ်တွေမှာသကြားဓာတ်ပါဝင်နေပြီး ဆီကြော်တွေကတော့ အဆီဓာတ်ကြွယ်ဝနေတာကြောင့် ကလေးငယ်တွေကို မကြာခဏ မကျွေးသင့်ပါဘူး။
၅။ ကွတ်ကီး၊ ခရက်ကာ နဲ့ ချိစ်
ကွတ်ကီး၊ ခရက်ကာ နဲ့ ချိစ် တို့ကလဲ အပေါ်မှာပြောခဲ့တဲ့ Cereal လိုဂျုံမုန့်ကနေ တိုက်ရိုက်ထုတ်လုပ်ထားတဲ့အရာဖြစ်ပါတယ်။ သူ့မှာ ပြည့်ဝဆီပါဝင်မှုနှုန်းများတာကြောင့်စားသုံးမိရင် ကလေးရဲ့ အစာချေလမ်းကြောင်းကို အနှောင့်အယှက်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်ကို အစာမကြေ၊ လေခံတာတွေ ဖြစ်စေနိုင်တာကြောင့် ဒီလိုအစားအသောက်တွေ သတိထားပြီးကျွေးဖို့လိုပါတယ်။