ဒိုင်တွေနဲ့ ပရိတ်သတ်တွေ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေခဲ့တဲ့ Noven Htoo ရဲ့ဖျော်ဖြေမှု
26 Feb 2019 2,083 Views
The Voice Myanmar Season 2 ရောက်လာပါပီ။ Season 1 မှာ အောင်မြင်မှုရခဲ့ပြီး အရည်အချင်းပြည့်ဝတဲ့ အဆိုတော် တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အခု Season 2 မှာလည်း ပရိတ်သတ်တွေ အားရကျေနပ်စေမဲ့ ဆိုတာတော့ ငြင်းနိုင်စရာမရှိပါဘူး။“Spit it Out” ဆိုတဲ့ သီချင်းကို ပြိုင်ပွဲဝင် Noven Htoo ဟာ အသံပါဝါကောင်းကောင်းနဲ့ အားနဲမာန်နဲ့ သီဆိုခဲ့ပြီး Blind Audition အဆင့်မှာတင် ပရိတ်သတ်တွေကြားနဲ့ ဒိုင်တွေရဲ့ တစ်ခဲနက်အားပေးမှု ရရှိခဲ့ပါတယ်။
အခု The Voice Myanmar ကိုဒိုင်တွေအဖြစ် ကျားပေါက် ၊ အာဇာနည် ၊ နီနီခင်ဇော် နဲ့ ရန်ရန်ချန်း တို့က အကဲဖြတ် ဒိုင်တွေအဖြစ် တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Noven Htoo ဟာ ဒိုင် ၄ဦးရှိသည့်အနက် ကိုကျားပေါက်ကို ရွေးချယ်ခဲ့ပြီး ရှေ့ဆက် ကိုကျားပေါက်က Noven Htoo ကိုလမ်းညွန်းပေးသွားမှာဖြစ်ပါတယ်။ Noven Htoo ရဲ့ “Spit it Out” သီချင်းကို Youtubeမှာ ကြည့်ရူသူ ၃ သိန်းနီးပါးရှိပါတယ်။
Noven Htoo သီချင်းကို နားထောင်ပြီး သင့်ရဲ့အမြင်ကရော ဘယ်လိုလဲ