BEC-TERO TV

ဒုတိယရင်သွေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ကင်မ်ထယ်ဟီး

26 Feb 2019     1,435 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ ကင်မ်ထယ်ဟီးတစ်ယောက် ဒုတိယရင်သွေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သူမရဲ့ အေဂျင်စီ BS Company မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ကင်မ်ထယ်ဟီးဟာ သူမရဲ့ ပထမရင်သွေး၊ သမီးလေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀၁၇ မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒုတိယရင်သွေးကို လွယ်ထားရတာ (၅) လတိတိရှိပြီဖြစ်ကြောင်း သူမအေဂျင်စီမှ တစ်ဆင့်ထုတ်ပြန်ကြေငြာထားပါတယ်။

သရုပ်ဆောင် ကင်မ်ထယ်ဟီးနဲ့  Rain တို့ဟာ ရည်းစားသက်တမ်း ၅ နှစ်အကြာမှာလက်ထပ်ခဲ့ကြပြီး ကင်မ်ထယ်ဟီးတစ်ယောက် အိမ်ထောင်ကျသွားပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေမှာ သိပ်မလုပ်ဖြစ်တော့တာ ပရိတ်သတ်လဲသိမှာပါ။

ခင်ပွန်းဖြစ်သူ Rain ကဇာတ်ကားအသစ်တွေရိုက်ကူးလျက်ရှိပေမဲ့ ကင်မ်ထယ်ဟီးကတော့ မိခင်တစ်ယောက်အနေနဲ့ ကလေးအတွက်အချိန်ပေးဖို့လိုအပ်တဲ့အတွက် ကားရိုက်တာတွေရပ်နားထားတယ်လို့ သိရပါတယ်။ ယခုလဲ ကင်မ်ထယ်ဟီးတစ်ယောက် ဒုတိယရင်သွေးလေးကို လွယ်ထားရပြီဆိုတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုကို ဒီနှစ်ပိုင်းမှာမြင်ရဖို့ သိပ်မသေချာဘူးလို့ပြောရမှာပါပဲ။

မင်းသား Rain နဲ့ လက်ထပ်ပွဲပြုလုပ်ချိန်တုန်းကလဲ ဂုဏ်ပကာသနတွေမပါဝင်ခဲ့ပါဘူး။ လက်ထပ်ပြီးချိန် မင်းသမီးအလုပ်မှ အနားယူကာ ဇနီးကောင်း၊ မိခင်ကောင်း တစ်ယောက်အဖြစ် တာဝန်ကျေပွန်နေတဲ့ သူမဟာလေးစားစရာပါပဲ။

ပရိတ်သတ်ကြီးရေ ကင်မ်ထယ်ဟီးနဲ့ Rain တို့ရဲ့ ရင်သွေးငယ်လေးကို ပျော်ရွှင်စွာကြိုဆိုလိုက်ကြရအောင်။


26 Feb 2019     1,435 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS