ပထမဦးဆုံးရုပ်ရှင်မှာတင် အော်စကာဆုကြီးရခဲ့လို့ မျက်ရည်မဆည်နိုင်ဖြစ်သွားရတဲ့လေဒီဂါဂါ
26 Feb 2019 1,376 Views
၂၀၁၉ အော်စကာဆုပေးပွဲကြီးလဲ အမှတ်တရတွေများစွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ အော်စကာဆုပေးပွဲဆိုတာ အနုပညာနယ်ပယ်မှာ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ လုံးပမ်းနေကြသူတွေကို အသိအမှတ်ပြုပေးတဲ့နေရာတစ်ခုပဲ မဟုတ်ပါလား။
လေဒီဂါဂါတစ်ယောက် အော်စကာဆု ဆန်ကာတင် စာရင်းထဲပါဝင် ကတည်းက မျက်ရည်ကျအောင် ပျော်တဲ့အကြောင်း သူမရဲ့ တွစ်တာစာမျက်နှာမှ တစ်ဆင့်ဖော်ပြခဲ့ပါတယ်။ ခုတော့သူမရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်သွားပါပြီ။
(၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးမှာ လေဒီဂါဂါဟာ Mark Ranson နဲ့အတူ Shallow သီချင်းနဲ့ Best Original Song ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဟာ A Star is born ရုပ်ရှင်ထဲမှာပါဝင်တဲ့ ဇာတ်ဝင်တေးသီချင်းပဲဖြစ်ပါတယ်။
ဂါဂါ တစ်ယောက် အော်စကာဆုကြီး ရရှိဖို့ဆိုတာ သူမရဲ့ အကြီးမားဆုံးအိပ်မက်တစ်ခုပါပဲတဲ့။ ဒါဟာ သူမတစ်ယောက်တည်းရရှိတာမဟုတ်ပါဘူး၊ရရှား လူမျိုးတွေအတွက်လဲ ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုပါလို့ ဂုဏ်ယူစွာပြောကြားသွားပါတယ်။
မိသားစုဝင်တွေဖြစ်တဲ့ အဖေ၊အမေ နဲ့ညီမလေးကို ကျေးဇူးတင်ကြောင်းပြောကြားပြီးအိပ်မက်တစ်ခုကို စတင်ပြီးပြီဆိုရင် ယုံကြည်ချက်အပြည့်နဲ့ဆက်လက်လျှောက်လှမ်းဖို့ ဆုယူအပြီး အမှာစကားပြောကြားသွားခဲ့ပါတယ်။
A Star is born ရုပ်ရှင်ကားကြီးဟာ မင်းသားကြီး Bradley Cooper ရဲ့ ပထမဦးဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ဇာတ်ကာဲးဖြစ်သလို လေဒီဂါဂါ အဓိကဇာတ်ဆောင်နေရာက သရုပ်ဆောင်တဲ့ ပထမဦးဆုံးကားလဲဖြစ်ပါတယ်။
လေဒီဂါဂါဟာ Shallow သီချင်းနဲ့ Global Globes , Grammys အစရှိတဲ့ ဆုကြီးတွေလဲ ရရှိထားပြီးပြီဖြစ်ပါတယ်။ ၂၀၁၉ ဟာဂါဂါရဲ့ နှစ်လို့ပြောရမလိုပါပဲ။ ပရိတ်သတ်ကြီးရေ ၂၀၁၉ နှစ်အစပိုင်းမှာတင် ဆုတွေအများကြီးဆွတ်ခူးရရှိနေတဲ့ ဂါဂါအတွက် ဂုဏ်ယူ ဝမ်းမြောက်မိတယ်မဟုတ်လား။ ဂုဏ်ယူမိတယ်ဆိုရင် like&share လေးလုပ်ပေးဖို့လဲ မမေ့ပါနဲ့နော်။