BEC-TERO TV

သားအရင်းကို ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြင့် မိခင်ဖြစ်သူဖမ်းဆီးခံရ

25 Feb 2019     1,485 Views


ဟောင်ကောင်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးက သားဖြစ်သူကို ကြိုတင်စီစဉ်ကာ သတ်ဖြတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်လို့ ရဲအဖွဲ့က သံသယရှိပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
 
အမျိုးသမီးကြီးဟာ မုဆိုးမဖြစ်ပြီး အိပ်ဆေး စွဲနေသူလည်းဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် သားဖြစ်သူကို လည်မျိုကို ဖုန်းအားသွင်းကြိုးနဲ့ ညှစ်သတ်ပြီးနောက် သူကိုယ့်သူ အဆုံးစီရင်ဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရဲတွေဟာ ကြွက်သတ်ဆေးနဲ့  ဖုန်းအားသွင်းကြိုး ၂ ကြိုးတို့ကို အိမ်ထဲမှာ တွေ့ခဲ့ရပါတယ်။
 
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စနေနေ့ညက အမျိုးသမီးကြီးဟာ သူမနေထိုင်တဲ့ အိမ်ယာတိုက်ခန်း လုံခြုံရေးဂိတ်ကို မူးဝေနေတဲ့အသံနဲ့ သူတို့ သားအမိနှစ်ယောက်လုံး ကြွက်သတ်ဆေးတွေ သောက်ထားတယ်လို့ ဖုန်းဆက်ခဲ့ပြီး ပြောခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးက ရဲကို အကြောင်းကြားခဲ့ပြီး ရဲများရောက်လာကာ အိမ်တံခါးကို ဖျက်ပြီးဝင်ကြစဉ် ဧည့်ခန်းဆိုဖာပေါ်မှာ အမျိုးသမီးကြီးရဲ့ သားဖြစ်သူ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
 
 
သေဆုံးသူရဲ့ အလောင်းကို စစ်ဆေးပြီးနောက် လည်ပင်းမှာ ကြိုးနဲ့ရစ်ပတ် ညှစ်သတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပြီး အခြားဘာဒဏ်ရာမှ မရှိဘူးလို့ ရဲအရာရှိက ဆိုပါတယ်။ “သေဆုံးရတဲ့ အကြောင်းရင်းကို ဆေးစစ်မှုတွေ သေချာလုပ်ပြီးမှ အတိအကျပြောနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အလောင်းဟာ လတ်တလော သေဆုံးတာ မဟုတ်ပဲ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်ထဲက သေဆုံးခဲ့တာဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။
 
အိမ်ထဲမှာ အဆိပ်ထုတ်နှစ်ထုတ်နဲ့ အိပ်ဆေးပြားတွေကို ရဲတွေက ရှာဖွေသိမ်းဆီးရမိခဲ့ပါတယ်။ သေဆုံးသူဟာ လည်ပင်းကို ကြိုးနဲ့ရစ်ပြီး အသတ်မခံရခင်မှာ အစားအစာထဲမှာ အိပ်ဆေးခတ်ထားခံရဟန်တူတယ်လို့  ဆိုပါတယ်။ တွေ့ရှိရတဲ့ ဖုန်းအားသွင်းကြိုးနှစ်ကြိုးအနက် တစ်ကြိုးမှာ ပြတ်တောက်နေတဲ့အတွက် ဒီကြိုးနဲ့ သတ်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။
 
 
နောက်ထပ် ကြိုးတစ်ကြိုးကတော့ ပြတင်းပေါက်တိုင်မှာ ချည်ထားပြီး အမျိုးသမီးကြီးဟာ အဆိပ်သောက်ပြီးတာနဲ့ သူကိုယ်ကို သတ်သေဖို့ ကြံစည်ထားဟန်တူပါတယ်။ သေဆုံးသူရဲ့ သူငယ်ချင်းတွေကို စစ်ဆေးမေးမြန်ခဲ့ရာမှာ လူငယ်အနေနဲ့ သူ့ကိုယ်သူ သတ်သေစရာ ဘာအကြောင်းမှ မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။ 

25 Feb 2019     1,485 Views




RELATED

Most Popular of Special or Others

Most Popular of NEWS