၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆုကို ဖွေးဖွေးပဲ သိမ်းပိုက်ဦးမည်လား
25 Feb 2019 1,880 Views
မြန်မာ့ရုပ်ရှင်အနုပညာလောကသားတွေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ အရမ်းကိုနီးကပ်လာပါပြီ။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကိုတော့ မတ်လ (၂၃) ရက်နေ့တွင် ရန်ကုန်ရွှေထွဋ်တင်ကွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အကယ်ဒမီပေးပွဲအတွက် ဒုတိယအဆင့်ရွေးချယ်ခံရတဲ့ ဆန်ကာတင် ရုပ်ရှင်ကားကြီး (၂၅) ကားကိုလည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးအဖွဲ့က ကြေငြာလိုက်ပါပြီ။
ဆန်ကာတင်ရုပ်ရှင် ၂၅ ကားထဲမှာတော့ ထူးခြားစွာပဲ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား ၆ ကားတောင်ပါဝင်ခဲ့ပါတယ်။ ဖွေးဖွေးဟာ လက်ရှိအနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ယောက်ဖြစ်သလို ပရိသတ်အခိုင်အမာရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားသူလေးဖြစ်တာကြောင့် သူမရဲ့ပရိသတ်တွေကတော့ အကယ်ဒမီဆုကိုထပ်ပြီးရစေချင်နေတာတော့ အမှန်ပါပင်။
၂၀၁၈ ခုနှစ်ကတော့ ဘယ်နေရာကြည့်ကြည့် ဖွေးဖွေးရဲ့ဇာတ်ကားတွေလို့ တင်စားရမလိုပါပင် သူမရဲ့ရုပ်ရှင်ကားများစွာကို ရုံတင်ပြသခဲ့ပြီး ကားတိုင်းကလဲ ပရိသတ်တွေအကြိုက်တွေ့ကာ ၀က်ဝက်ကွဲအားပေးခြင်းခံခဲ့ရတဲ့ အကောင်းဆုံးရုပ်ရှင်တွေဖြစ်တာကြောင့်ပင် ယခုလိုမျိုးအရွေးခံခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းထဲပါဝင်လာတဲ့ သူမရဲ့ရုပ်ရှင် ၆ ကားလုံးက ဇာတ်လမ်းကောင်းတွေဖြစ်တာကြောင့် အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိဖို့အတွက်တော့ ဖွေးဖွေးက အခွင့်အရေးသာလွန်နေကာ၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီကိုလည်း ဖွေးဖွေးပဲသိမ်းပိုက်ဦးမည်လားဟု အွန်လိုင်းတစ်ခွင်ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ထင်ကြေးပေးပြောဆိုနေကြတာပဲဖြစ်ပါတယ်။
ဒီနှစ်ရဲ့ အကယ်ဒမီဆုကိုသာ ဖွေးစိန်လေးတစ်ယောက် ထပ်သိမ်းပိုက်နိုင်ခဲ့ရင်တော့ သူမဟာ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်ဖြစ်လာမှာဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ၂၀၁၂ ခုနှစ်မှာ "လက်ပံ" ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးရရှိခဲ့တာဖြစ်ပြီး ဒုတိယအနေနဲ့ "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ကားကြီးနဲ့ ၂၀၁၅ ခုနှစ်ရဲ့ အမျိုးသမီးဇတ်ဆောင်ဆုကို သိမ်းပိုက်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာလည်း အမျိုးသမီးဇတ်ဆောင်ဆုကို ဖွေးစိန်လေးပဲ သိမ်းပိုက်ဦးမလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါနော်။
ဆန်ကာတင်စာရင်းထဲပါဝင်လာတဲ့ ဖွေးဖွေးရဲ့ ရုပ်ရှင်ကားကြီးတွေကတော့…
၁) ရွှေကြာ
၂) ငါ့ကိုနမ်းတဲ့ မုန်တိုင်း
၃) ကာဗွန်ဒိုင်အောက်ဆိုဒ်
၎) သမ္မတကြီးထံ ပေးစာ
၅) မုန်းစွဲ
၆) သတို့သမီး တို့ပဲဖြစ်ပါတယ်။ ဖွေးဖွေးတစ်ယောက် ဘယ်ကားလေးနဲ့ အကယ်ဒမီရနိုင်လဲဆိုတာ ခန့်မှန်းပေးသွားကြပါဦးနော်…