ကင်ဆာရောဂါ ကာကွယ်ဖို့အတွက် ကြမ်းပိုး တစ်နေ့ ၅ ကောင် စားတဲ့ အမျိုးသမီး
25 Feb 2019 1,735 Views
ကြမ်းပိုးဆိုတာ လူပတ်ဝန်းကျင်မှာ အင်မတန်မှ ရွံစရာကောင်းတဲ့ ပိုးမွှားကောင်းတွေဖြစ်ပါတယ်။ ကြမ်းပိုးကို မသန့်ရှင်းတဲ့ နေရာတွေမှာ တွေ ့ရမှာပါ။ အခု ကြမ်းပိုးဆိုတဲ့ အကောင်ကို ကိုယ်ခံအားမြင့်တက်စေဖို့နဲ့ ကင်ဆာရောဂါ ကာကွယ် စေ နိုင်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက နေစဉ်စားသောက်တယ်လို့ဆိုပါတယ်။
ဒီအမျိုးသမီးရဲ့နာမည်က မာစီလာ အီဂလီရှားဖြစ်ပြီး သူမဟာ လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ သားသမီးသုံးယောက်မိခင်လည်း ဖြစ်ပါတယ်။သူမဟာ ကိုယ်ခံအား မြင့်တက်စေဖို့နဲ့ ကင်ဆာရောဂါ ကိုကာကွယ်ပေးပြီး ပရိုတိန်းဓာတ်ကို ဖြစ်စေတယ်လို့ ယုံကြည့်ချက်ကြောင့် တစ်နေ့ကို ကြမ်းပိုး ၅ ကောင်စားတယ်လို့ဆိုပါတယ်။
၂၀၁၁ ခုနှစ်က စမ်းသပ် ဒီလေ့လာမှုအရ “coleotoxin” ဟာ အသားပိုတွေရဲ့ ကြီးထွားမှုကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေတယ်လို့ ဆိုပါတယ်။ကြမ်းပိုးတွေ သေဆုံးတဲ့အချိန်မှာ “coleotoxin” လို့ခေါ်တဲ့ အဆိပ်တမျိုး ထွက်ပေါ်လာပြီး ဒီအဆိပ်က လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။ဒီလေ့လာမှုကိုတော့ သိပ္ပံနည်းကျ လေ့လာမှုဆိုင်ရာ ပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ကြပါတယ်။
ဒီလို ကြမ်းပိုးစားတဲ့ အလေ့အကျင့်ကို သူမရဲ့မိတ်ဆွေတွေက မနှစ်သက်ကြပေမယ့် သူမတွက်တော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ အီဂလီရှားက ပြောဆိုလိုက်ပြီး ကြမ်းပိုးဟာ လူသားတွေရဲ့ ကျန်းမာရေးကို များစွာ အကျိုးရှိစေတဲ့ အင်းဆက်တွေဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ကျန်းမာရေးအတွက် ကြမ်းပိုးစားခြင်းဟာ အီဂလီရှားရဲ့ မွေးရပ်မြေ အာဂျင်တီးနားနဲ့ တောင်အမေရိကနိုင်ငံတွေမှာ အလွန်ထင်ရှားတဲ့ အလေ့အကျင့်တခုလည်း ဖြစ်ပါတယ်။