BEC-TERO TV

အချစ်ဆုံးသူငယ်ချင်း မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ခဲ့တဲ့ ဆယ်လီနာဂိုးမက်ဇ်

22 Feb 2019     1,510 Views


ပေါ့ပ်အဆိုတော် ဆယ်လီနာဂိုးမက်ဇ်ဟာ ကနေဒီယန်အဆိုတော်လေး ဂျက်စတင်ဘီဘာနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ ဇာတ်လမ်းလေးကိုတော့ ပရိတ်ကြီး သိမှာပါ။

လတ်တလောမှာ ဂျေဘီက သူ၏လက်ရှိချစ်သူ ဟေးလီနဲ့ လက်ထပ်ထားပြီးမင်္ဂလာပွဲတော့ မပြုလုပ်ရသေးပါဘူး။ ဆယ်လီနာတစ်ယောက် ဟေးလီနဲ့ ဂျက်စတင်စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းကြားလိုက်ရကတည်းက စိတ်ထိခိုက်သွားပြီး စိတ်ရောဂါကုထုံး ဆရာဝန်နဲ့ကုသမှု ခံယူနေရတာပဲဖြစ်ပါတယ်။

ဆေးကုသမှုခံယူနေစဉ်အတောအတွင်း ဆယ်လီနာဟာလူထုရှေ့ သိပ်မထွက်တော့သလို instagram မှာလဲ ပို့စ်တွေမတင်တော့ပါဘူး။ ဒါပေမဲ့ ပရိတ်သတ်တွေစိတ်မပူရအောင် မန်နေဂျာကို သူမ instagram သုံးစေပြီး ပို့စ်အချို့ကို တင်စေခဲ့ပါတယ်။

ဆယ်လီနာဟာ စိတ်ရောဂါကုထုံးခံယူပြီး ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အရင်ကထက်ပိုပြီး နွေးထွေးမှုရရှိလာပုံပါပဲ။ သူမအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ သူငယ်ချင်းတွေက အနားမှာဖေးဖေးမမရှိနေပေးတာမျိုးတွေ့ရမှာပါ။

ဆယ်လီနာရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Courtney Barry က သူမချစ်သူ Sam Lopez နဲ့ လက်ထပ်သွားပါပြီ။ လူထုပရိတ်သတ်ရှေ့ကို သိပ်မထွက်ဖြစ်တော့တဲ့ ဆယ်လီနာတစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲကို ပြင်ပြင်ဆင်ဆင်နဲ့ တက်ရောက်လာခဲ့ပါတယ်။

Courtney Barry ရဲ့ လက်ထပ်ပွဲမတိုင်မီ သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေသွားပြီး ဘတ်ချလာပါတီ ကျင်းပခဲ့ပါသေးတယ်။ ကြည့်ရတာ ဆယ်လီနာတစ်ယောက် စိတ်ကျဝေဒနာ ခံစားနေရတာတွေ သက်သာလာပြီနဲ့တူပါတယ်။ အရင်ကထက်ပိုပြီး ပျော်ရွှင်လာတဲ့ပုံကိုတွေ့ရမှာပါ။

ပရိတ်သတ်ကြီးရေ ဆယ်လီနာကို အရင်လိုတက်ကြွပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပြန်မမြင်ချင်မိဘူးလား။

 


22 Feb 2019     1,510 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS