ဗီတာမင်များအကြောင်းသိကောင်းစရာ
17 Aug 2015 1,939 Views
ဗီတာမင် B ဓါတ်ဟာ ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့ ဓါတ်တမျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင်ဓါတ်တွေကတော့ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 နဲ့ Folic Acid တို့ ဖြစ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့ခဲ့ရင် ခြေလက်ထုံကျဉ်ခြင်းရောဂါ ၊ကိုယ်လက်လှုပ်ရှားမှုပုံမမှန်ခြင်း ၊အစားစားချင်စိတ်မရှိခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း ၊ခြေလက်ကြွက်သားများအားနည်းခြင်း တို့အပြင် နှလုံးလုပ်ဆောင်မှုကို ထိန်းချုပ်ပေးတဲ့အာရုံကြောတွေကိုထိခိုက်နိုင်တဲ့အတွက် ရုတ်တရက်နှလုံးရပ်ခြင်းများဖြစ်ပေါ်စေပါတယ်။
ဗီတာမင် B1 ချို့တဲ့ခြင်း ဖြစ်ပေါ်ရခြင်းက အဖြူရောင်ဖြစ်အောင်ချွတ်ထားတဲ့လုံးတီးဆန်ကို စားတဲ့သူတွေ ၊ ဂျုံနဲ့သကြားဓာတ် အများဆုံးပါတဲ့အစားအစာတွေကို စားသုံးတဲ့သူတွေမှာဖြစ်စေနိုင်ပါတယ် ။မွေးခင်းစကလေးတွေမှာလဲ ဗီတာမင် B1 ချို့တဲ့ခြင်းကို တွေ့ရှိနိုင်ပါတယ်။ ဒီလို ဖြစ်ကတာကတော့ ဗီတာမင် B1 ချို့တဲ့တဲ့နို့တိုက်မိခင်တွေရဲ့ကလေးတွေမှာ အများဆုံးဖြစ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့တာကို အစောပိုင်းမှာ သိရှိခဲ့မယ်ဆိုရင် အစားအသောက်ကို မှန်ကန်အောင်ပြုပြင်ထိန်းသိမ်းပြီးစားသုံးပေးခြင်းဖြင့် လျှင်မြန်စွာပျောက်ကင်းစေပြီး ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိစေနိုင်ပါတယ်။
ဗီတာမင် B2 ချို့တဲ့ခဲ့ရင်တော့ မျက်စိ အမြင်ပုံ မမှန်ခြင်း ၊တောက်ပသော အလင်းကို ကြည့် ရင်မျက်လုံးကိုက်ခြင်း ၊မျက်လုံးနီ၍ ကိုက်ခြင်း ၊ကိုယ်အလေးချိန် ကျခြင်း ၊သွက်လက်မှုမရှိခြင်းတို့ဖြစ်နိုင်ပါတယ်။ထို့ကြောင့် ဗီတာမင် B2 ချို့တဲ့ခြင်း မရှိအောင် အစိမ်းရောင်ရှိသော အရွက်များ ၊နို့ နဲ ဥအမျိုးမျိုးတို့ကို လုံလောက်အောင်စားပေးသင့်ပါတယ် ။
ဗီတာမင် B3 ချို့တဲ့ခဲ့ရင်တော့ အသားအရေခြောက်သွေ့ပြီး အက်ကွဲမှုတွေရှိနိုင်ပါတယ်။တစ်ခါတစ်လေ အရည်ကြည်ဖုတွေထိနိုင်ပါတယ်။ ဖြစ်နိုင်တဲ့နေရာတွေကတော့ အဝတ်အစား ဖုံးကွယ်မှုမရှိတဲ့ ခြေ ၊လက် ၊မျက်နှာ နဲ့လည်ပင်းတွေမှာ အဓိက တွေ့ရပါတယ်။ ဗီတာမင် B3 ချို့တဲ့ခဲ့မယ်ဆိုရင် အစားမစားခြင်း ၊အစာမကျေခြင်း ၊ဝမ်းသွားတက်ခြင်းတို့ဖြစ်တက်ပါတယ်။
ဒီရောဂါ ဝေဒနာရှင်တေါက အရက်သောက်တဲ့သူတွေမှာ ပိုမို အတွေ့များပါတယ်။ တစ်ခြား လက္ခဏာအနေနဲ့ နွမ်းနယ်ခြင်း၊မူးဝေတက်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံခံ စနစ် ပုံမှန်မဟုတ်ခြင်း တို့ဖြစ်နိုင်ပါတယ် ။ဒီရောဂါတွေကိုတော့ စနစ်ကျမှန်ကန်တဲ့အစားအသောက်တွေကို စားသုံးခြင်းဖြင့် ကုသပျောက်ကင်းစေနိုင်ပါတယ် ။ ဗီတာမင် B12 ကတော့ ချို့တဲ့ခဲ့ရင် သွေးအားနည်းရောဂါ ၊ခြေလက်ထုံကျင်ခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။ Folic Acid ချို့တဲ့ခဲ့ရင်တော့ ဗီတာမင် B12 ချို့တဲ့တာနဲ့တူညီပြီးတော့သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။
အဓိက အားဖြင့် Folic Acid ချို့တဲ့မှုကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေမှာ အဓိကတွေ့ရပါတယ်။ Folic Acid ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ အမျိုးအစားကို ၅လမှ ၁၂ လအရွယ်ကလေးများမှာ အဓိကတွေ့ရပြီးလမစေ့ပဲမွေးသောကလေးများမှာလဲတွေ့ရတက်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁ဝရာခိုင်နှုန်းကတော့ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး၃လမြောက်မှာ folic Acid သွေးအားနည်း ခြင်းတွေ ဖြစ်ပေါ်တက်ပါတယ်။
ဗီတာမင် B6 ချို့တဲ့တဲ့ ကလေးတွေကတော့ တက ်တက်တဲ့လက္ခဏာရှိတဲ့အတွက်ကြောင့်သေချာ ကရုစိုက်ပေးသင့်ပါတယ်။ဒီလိုကလေးတွေဟာဗီတာမင် B6ဆုံးရှုံးသွားအောင် ပြုပြင်ပြောင်းလဲအောင်ဖန်တီးထားတဲ့ နို့၊အစားအစာတွေကိုစားသုံးခြင်းကြောင့် ဗီတာမင်တွေဆုံးရှုံးရခြင်းဖြစ်ပါတယ်။ မိခင်နို့ ၊နွားနို့၊ဥအမျိုးမျိုး ၊အစိမ်းရောင်အသီးအရွက်တွေဟာ ပုံမှန်အားဖြင့်သဘာဝအာဟာရတွေပြည့်စုံနေပါတယ်။ အစာအုပ်စု ၅အုပ်စုလုံးပြည့်စုံအောင်စားသုံးခြင်းဖြင့် ဗီတာမင် ဓါတ်တွေ ဆုံးရှုံးခြင်းမှု သက်သာနိုင်ပါတယ်။