BEC-TERO TV

ငွေကုန်ကြေးကျသိပ်မများပဲ ဖက်ရှင်ကျကျရုံးတက်လို့ရမယ့် ဝတ်စားဆင်ယင်ပုံလေးတွေ

21 Feb 2019     1,580 Views


မိန်းကလေးတစ်ယောက်အတွက် First Impression ကောင်းစေဖို့ ဝတ်စားဆင်ယင်ပုံက အင်မတန်မှအရေးကြီးပါတယ်။ ‘လူမှာအဝတ် တောင်းမှာအကွတ်’ ဆိုသလို လူတစ်ယောက်မှာဝတ်စားဆင်ယင်မှုက အရေးပါအရာရောက်လှပါတယ်။ လုပ်ငန်းခွင်မှာ လူအများလေးစားချစ်ခင်လာအောင် သပ်သပ်ရပ်ရပ်ဝတ်စားတတ်ရပါမယ်။ ဘယ်လိုပုံစံလေးတွေနဲ့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ပုံစံလေးတွေဖြစ်မလဲ? ပျိုမေလေးတို့အတွက် နေ့စဉ်လုပ်ငန်းခွင်မှာ ငွေကုန်ကြေးကျသိပ်မများတဲ့ ဝတ်စားဆင်ယင်မှုပုံစံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

စမတ်ကျကျ ရှပ်ပေါ်က အပေါ်ထပ်ကုတ်အင်္ကျီ၊ ဘောင်းဘီရှည်

ဒီပုံစံလေးတွေကတော့ ရာစုနှစ်ပေါင်းများစွာ ဝတ်ဆင်လာကြတဲ့ပုံစံလေးပါပဲ။ ဘယ်တော့မှ ရိုးသွားတယ်လို့မရှိပါဘူး။ ပေါ့ပါးလွတ်လပ်ပြီး လူကိုလဲ စမတ်ကျလှပစေမှာပါ။

အင်္ကျီဝတ်ရာမှာ ဖိနပ်နဲ့ အိတ်ကိုဘယ်လိုတွဲဖက်မလဲဆိုတာ ရွေးချယ်တတ်ဖို့လဲလိုပါသေးတယ်။

 

ရှပ်အင်္ကျီ ကုတ်အပေါ်ထပ် နဲ့ စကတ်အတို

ဒီပုံလေးကလဲ မျက်စိထဲရိုးမလိုနဲ့ဆန်းစေပါတယ်။ ဖစ်တင်ဖြစ်နေတဲ့ ရှပ်အင်္ကျီ ကိုအထဲက ခံဝတ်ပြီး အပေါ်က ကုတ်အင်္ကျီပွပွကိုထပ်ကာ အောက်က ဖစ်တင်စကတ်လေးကို ဝတ်ဆင်ထားတဲ့ပုံပဲဖြစ်ပါတယ်။

ဘေးလွယ်အိတ်လေးကို Eco Bag (သို့) ကြိုးရှည်အိတ်လေးလွယ်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး လူငယ်အသွင်ဆောင်တဲ့ပုံစံလေးပေါက်သွားပါတယ်။

အနည်းငယ်လူကြီးဆန်ပြီး ရင့်ကျက်စေမယ့် ပုံလေး

ကုတ်အင်္ကျီအပေါ်ထပ်ပုံလေးနဲ့ လူကြီးဆန်ချင်တဲ့ပုံလေး ဖြစ်ချင်တယ်ဆိုရင်တော့ ဖိနပ်နဲ့ အိတ်ကိုပြောင်းလဲရွေးချယ်လိုက်ပါ။ ဖိနပ်ကို စီးနေကျ ဘွတ်ရှ်ရှူး တွေမစီးတော့ဘဲ အနည်းငယ်မြင့်တဲ့ ဒေါက်ဖိနပ်ကိုပြောင်းစီးပါ။ အိတ်ကို လွယ်တဲ့အိတ်ပုံစံမျိုး မဟုတ်ပဲ လက်ကကိုင်သွားလို့ရမယ့် အိတ်မျိုးပြောင်းကိုင်သင့်ပါတယ်။ ဒီလိုဆိုရင် အနည်းငယ်ရင့်ကျက်စေတဲ့ ပုံလေးပေါက်သွားပါပြီနော်။

ပရိတ်သတ်ကြီးရေ ပိုပိုလေးကတင်ဆက်ပေးတဲ့ ရုံးတက်ဖက်ရှင်ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်မိတယ်ဆို like&share လေးလုပ်ပေးကြပါဦး။

(ပိုပိုလေး)


21 Feb 2019     1,580 Views




RELATED

Most Popular of Special or Others

Most Popular of Life Style