သမီးလေးကို လူထုရှေ့မချပြဘဲ လျှို့ဝှက်စွာထားရှိသွားမယ်ဆိုတဲ့ ကင်ထယ်ဟီးနဲ့ Rain
21 Feb 2019 1,349 Views
Rain လို့ပြောလိုက်တာနဲ့ ပရိတ်သတ်ကြီးနဲ့ သိပ်စိမ်းလှမယ်မထင်ပါဘူး။ တစ်ချိန်က Kpop ရဲ့ဘုရင်ကြီးလို့လဲပြောလို့ရပါတယ်။ Rain ရဲ့နာမည်အရင်းကတော့ ဂျောင်ဂျီဟွန်းပါ။
Rain ဟာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားရုံသာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လဲ ထူးချွန်သူတစ်ဦးဖြစ်နေပါတယ်။ Rain ပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဆိုရင် အနောက်နိုင်ငံတွေအထိ ပေါက်မြောက်အောင်မြင်တတ်တာမျိုးတွေ့ရပါတယ်။
Rain ဟာ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ကင်မ်ထယ်ဟီးနဲ့ ၂၀၁၇ ဇန်နဝါရီမှာလက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်ရရှိခဲ့ပါတယ်။
လက်ထပ်ပွဲကိုလဲ အကျဉ်းရုံးကျင်းပခဲ့တာကြောင့် လူများများစားစား မသိလိုက်ရပါဘူး။ Rain ဟာ သမီးလေးအပေါ် ထားရှိချင်တဲ့ လူနေမှုဘဝပုံစံကိုပြောပြခဲ့ပါတယ်။
‘ကျွန်တော့်မှာ မိသားစုရှိလာပြီဆိုတဲ့အတွေးက ကျွန်တော့်ကိုပြောင်းလဲသွားစေတာပဲ။ ဒါဟာဘာမှမဟုတ်ဘူးလို့ထင်ရစေပေမယ့် ကျွန်တော့်မှာအဖေဆိုတဲ့ရာထူးကအလိုလိုရသွားပြီလေ။ ဒါကြောင့်စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ရတော့မယ်၊ အတိတ်မှာပြောခဲ့တာက ကျွန်တော့်မှာ မိသားစုရှိခဲ့ရင်လူထုကိုချပြသွားမယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ လောကကြီးက ခုနောက်ပိုင်းပိုကြောက်ဖို့ကောင်းလာတယ်မဟုတ်လား။ ကျွန်တော့် ကလေးကိုလူရှေ့ထုတ်ပြချင်ပေမယ့်၊ ဒါကကျွန်တော့်ကိုပြန်ထိုးနှက်လို့ရမယ့် ဓားတစ်ချောင်းဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်’ လို့ပြောကြားခဲ့ပါတယ်။ ဒီစကားတွေကို Rain ရဲ့ အသစ်ထွက်ရှိမယ့် ရုပ်ရှင် ‘Uhm Bok Dong’ မှာပြောကြားခဲ့တာဖြစ်ပါတယ်။
Rain ဟာအနာဂတ်မှာလဲ အလုပ်နဲ့မိသားစုကိုခွဲခြားထားမယ်၊ သူဒီလိုလုပ်ရတာက မိသားစုကို မထိခိုက်စေလိုတာရယ်၊ မိသားစုရှိနေတာက သူ့အလုပ်တွေကို ဘာသက်ရောက်မှုမှ မရှိဘူးဆိုတာသက်သေပြသွားမယ်လို့ဆိုပါတယ်။ အနာဂတ်မှာ သမီးလေးကို လူထုရှေ့ချပြဖို့စိတ်ကူးလဲမရှိပါဘူး၊ လျှို့ဝှက်ထားမှာပါလို့ ပြောကြားခဲ့ပါတယ်။ Rain ဟာ အမေသက်ရှိထင်ရှားရှိနေစဉ်ကာလမှာလဲ အမေနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်တာမျိုးတွေခံခဲ့ရတဲ့အတွက် နောက်တစ်ခါ အလားတူကိစ္စမျိုးအဖြစ်မခံနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူ့ကို မကျေနပ်ရင် သူနဲ့တိုက်ရိုက်ရှင်းနိုင်တယ်၊ မိသားစုကိုတော့ အထိမခံနိုင်ဘူး လို့ အသိပေးခဲ့တာပါ။
Rain ရဲ့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားပုံက ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ကို ထင်ဟပ်လို့နေပါတယ်။ ပရိတ်သတ်ကြီးရေ Rain ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားမိတယ်ဆိုရင် like&share လေးလုပ်ဖို့လဲမမေ့ပါနဲ့ဦးနော်။
(ပိုပိုလေး)