မျက်စိတိမ်ကျနေသူများကိုအခမဲ့ခွဲစိတ်ကုသပေး
14 Aug 2015 1,465 Views
ရန်ကုန်တိုင်းဒေသကြီးရှိမှော်ဘီ ၊ တိုက်ကြီး၊ ကြည့်မြင်တိုင်နဲ့ဒလမြို့နယ်ကမျက်စိတိမ် ကျနေသူ(၂၀၀)ကိုသြဂုတ်လ(၁၃)ရက်နေ့ကမြန်မာနိုင်ငံအလင်းရောင်ဖောင်ဒေးရှင်းကအခမဲ့ခွဲစိတ်ကုသပေးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအလင်းရောင်ဖောင်းဒေးရှင်းအနေနဲ့မျက်စိတိမ်ကျနေသူကိုခွဲစိတ်ကုသပေးနေတဲ့အစဉ်မှာသြဂုတ်လ(၁၃)ရက်အထိ မျက်စိတိမ်ကျတဲ့သူအယောက်(၂၀၀၀၀)ကျော်ကိုခွဲစိတ်နိုင်ခဲ့ပြီလို့သိရပါတယ်။